အရက်သမားအမှား(၁၀၀၀)ဟုဦးသုမောင်ကဆိုထားပါသည်။
အသေးစိတ်တွက်ကြည့်မယ်ဆိုလျှင်(၁၀၀၀)မကပါ။
မည်သူကိုမှမရည်ညွှန်းပါ။မိမိကိုယ့်ကိုမှတ်ချက်ချခြင်းသာဖြစ်ပါသည်။
ဘယ်သူ၏အဆိုအမိန့်မှန်းမသိပါ။”သင်္ဘောသားအရက်သောက်တာမဆန်းပါဘူး။”
ဟုတ်ပါသည်၊မဆန်းပါဘူးဒါပေမဲ့ဆန်းသွားသောသင်္ဘောသားများ၏ဖြစ်ရပ်များစွာရှိခဲ့ပါသည်။
အဲဒါတွေထဲကမကြာသေးသောကာလတခုတွင်ကိုရီးယားလိုင်းတခု၏သင်္ဘောတစီးပေါ်ကမြန်မာသင်္ဘော(၂)ဦးရဲ့ဖြစ်ရပ်ကိုတင်ပြချင်ပါသည်။
အဆိုပါသင်္ဘောသား(၂)ဦးသည်စာချုပ်ပြည့်ရ်ျအိမ်ပြန်ရန်(၂/၃)ရက်သာလိုတော့ပါသည်။ညနေတိုင်းနှုတ်ဆက်ပွဲရှိပါသည်။တညနေတွင်
အလွန်အမင်းနှုတ်ဆက်မှုကြောင့်အလွန်အကျွံများဖြစ်ခဲ့ကြသည်။ရုပ်ပျက်ဆင်းပျက်ဝရုန်းသုံးကားဆန်သောအမှတ်တရဓာတ်ပုံများလည်းရိုက်
ဖြစ်ခဲ့ကြပါသည်။ထိုသင်္ဘောသားများလည်းအချိန်တန်တော့ရန်ကုန်ပြန်သွားကြပါပြီ၊ဒီအချိန်အထိအားလုံးကအေးဆေးဘဲ။
မအေးဆေးတာက၄င်းတို့၏ ရုပ်ပျက်ဆင်းပျက်ဝရုန်းသုံးကားဆန်သောဓာတ်ပုံများသည်ကိုရီးယားနိုင်ငံရဲ့သင်္ဘောသားများဆိုင်ရာwebsite
များအပါအ၀င်သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေးဆိုင်ရာwebsiteတော်တော်များများတွင်ပျံနှံနေပါတော့သသည်။
အထက်ပါအကြောင်းကိစ္စကြောင့်၎င်းသင်္ဘောသား(၂)ဦး၏မိခင်သင်္ဘောလိုင်းကလည်းအလုပ်ပြန်လည်ခန့်အပ်ခြင်းမရှိတော့ပါ။မြန်မာနိုင်ငံ
ရှိအခြားကိုရီးယားနှင့်ပတ်သက်သောမြန်မာအခြေစိုက်သင်္ဘောလိုင်းအများစုကလည်း၎င်းသင်္ဘောသား(၂)ဦးကိုအလုပ်မပေးတော့ပါ။
မြန်မာရုံးဘက်အပိုင်းကလက်ခံသော်လည်းကိုရီးယားဘက်ကလုံးဝလက်မခံနိုင်သောအခြေအနေမျိုးများနဲ့သာ၎င်းတို့(၂)ဦးကြုံကြရသည်။
ဒီနေရာမှာကိုရီးယားလိုင်းမရလဲတခြားလိုင်းတွေရှိပါတယ် ဟုဆိုဖွယ်ရာရှိပါသည်။မိမိရွေးချယ်နိုင်သောအခွင့်အရေးပမာဏနည်းသွားသည်
ကိုသာရည်ညွှန်းပါသည်။တဆက်တည်းပြောချင်ပါသေးသည်။အန္တရယ်ဇုံများတွင်သင်္ဘောအတွက်ပေးထားသောလုံခြုံရေးများ၏လက်နက်များ
ကို၎င်းတို့ခွင်ပြုချက်ရသည်ဖြစ်စေ၊ကိုင်ဆောင်ဓာတ်ပုံရိုက်ရ်ျလူမှုရေးwebsiteများတင်ခြင်းများသည်၊မီးခိုးကြွက်လျှောက်လိုက်ပါကမိမိအလုပ်အကိုင်
အခွင့်အလမ်းကိုထိခိုက်နိုင်ပါသည်။မိမိ၏လွတ်လပ်မှုသည်သူတပါးကိုမထိခိုက်ဘူးဆိုပေမဲ့အကြောင်းတိုက်ဆိုင်ရင်မိမိအတွက်အကျိုးမဲ့စေပါသည်။
မိမိအပါအ၀င်မြန်မာသင်္ဘောသားများသည်အလုပ်လုပ်ရန်ဟူသောတခုတည်းသောရည်ရွယ်ချက်ဖြင့်သင်္ဘောများပေါ်သို့သွားခြင်းဖြစ်ပေသည်။
ထိုကြောင့်မိမိတို့၏အလုပ်ကိုထိခိုက်နိုင်သောအပြုအမူများဆင်ခြင်သင့်ပါသည်။(ဆရာကြီးလုပ်ခြင်းမဟုတ်ပါ။)
ဆင်ခြင်သင့်သည်ကိုဆင်ခြင်ခြင်းမှရရှိလာမည့်အကျိုးဆက်ကောင်းများကိုမိမိတို့ရဲ့မိသားစုများခံစားနိုင်သည့်အပြင်နိုင်ငံတကာက
သင်္ဘောသားများအလယ်မြန်မာသင်္ဘောသားများ၏အပြုအမူအနေအထိုင်အဆင့်အတန်းရှိခြင်းကိုပြသရာလည်းရောက်ပါသည်။
*မည်သူတဦးတယောက်ကိုမျှထိခိုက်နစ်နာလိုစိတ်အလျှင်းမရှိပါ။*

No comments:
Post a Comment