Friday, March 27, 2015

ITF & SRPS




မနေ့က ဦးကျော်မြဦးတင်ထားတဲ့ ITF ကိစ္စနဲ့ပတ်သတ်ပြီး အစကဘာမှတ်ချက်မှဝင်မပေးခဲ့တာက ကျွန်တော်ကိုယ်တိုင်ကလူငယ်တစ်ယောက်ဖြစ်နေတာကတစ်ကြောင်း ITF လိုအဖွဲ့စည်းကြီးရယ် နိုင်ငံခြား Agent ရယ် သင်္ဘောသားသမဂ္ဂပုဂ္ဂိုလ်ကြီးတွေရဲ့ကြားထဲက ကိစ္စကို ကျွန်တော်လို သင်္ဘောသားပေါက်စက ဘာကောင်မှမဟုတ်ပဲ ၀င်မပါသင့်ဘူးထင်ခဲ့လိုပါ။ အဲဒီကိစ္စဖြစ်တဲ့နေ့ကကျွန်တော်မျက်စိရှေ့မှာဖြစ်သွားတာမို့ ကျွန်တော်အကုန်သိပါတယ်။ ဦးကျော်မြဦးရဲ့အရေးအသားတွေက နိုင်ငံခြား Agent ဘက်မှ တစ်ဖက်စောင်းနင်းဖြစ်နေတယ်ထင်လို မြန်မာသင်္ဘောသားဘက်ကနာလိုဝင်ရေးတာပါ
။ ဦးကျော်မြဦးရေးသားထားသောစာအရ ITF က ကုမ္ပဏီကို လာရောက်ပြီးရိုင်းပြစွာဆက်ဆံပြောဆိုတယ်လိုရေးသားထားပါသည်။ သူတို့ဘာကြောင့်ကုမ္ပဏီကိုလာတယ်ဆိုဘာကြောင့်မဖော်ပြရတာလဲ? နိုင်ငံသား Agent ကမြန်မာသင်္ဘောသားအပေါ်မဟုတ်တာလုပ်တာကို ကွယ်ဝှက်ပေးချင်တဲ့သဘောများလား။ Agent ဘက်မှအိမ်ရှင်ပြီသစွာဆက်ဆံကြမှာသေချာပါတယ်လိုရေးရအောင် တကယ်တမ်းသူတို့ဘယ်လိုဆက်ဆံကြသလဲဆိုတာ ဦးကျော်မြဦး မြင်ပါသလား၊ အဖြစ်မှန်ကို လည်းသေသေချာချာသိပါသလား?။ နောက်တစ်ခုက မောင်းထုတ်ခံရတယ်လိုဆိုရာမှာ ITF ဘက်မှမောင်းထုတ်လိုပြန်သွားသလား မပြန်ပဲလုပ်စရာရှိတာဆက်လုပ်နေသလားဆိုတာ ကုမ္ပဏီကလူတွေသိပါတယ်။ အခုဟာက မူကြိုကလေးတွေရန်ဖြစ်လို ဆရာမကိုဦးအောင်တိုင်သလိုပဲ တစ်ဖက်ကဘယ်လိုမှားနေတယ်ဆိုတာကြီးပဲ ပြောနေသလိုပဲ ဖြစ်ပုံက အဲဒီ Agent က သင်္ဘောသားရဲ့ အိမ်ဂရန်ကို အကြောင်းတစ်ခုကြောင့်ယူထားပါတယ်။ အဲကိစ္စကို သင်္ဘောသားက ITF ကလူတွေကိုလာရောက်အကူအညီတောင်းလို တစ်ခုခုပြေလည်အောင် ညှိုနှိုင်းဖို့သွားကြတာပါ။ Agent ဘက်ကဘာကိစ္စပဲရှိရှိ သင်္ဘောသားရဲ့ အိမ်ဂရန်ကို ယူထားတယ်ဆိုတာတရားဝင်သလား တရားမ၀င်ဘူးလားဆိုတာလူတိုင်းသိပါတယ်။ (Agent ကိုကြောက်လို ဂရန်ပေးထားရတဲ့သူတွေ ဒုနဲ့ဒေးပါ။ ဒါတွေကကိုယ့်အခွင့်အရေးကို မကာကွယ်နိုင်ကြလို မြန်မာသင်္ဘောသားတွေအနိုင်ကျင့်ခံနေကြရတာပါ။ ) အဲလိုညှိုနှိုင်းဖို့သွားရာမှာ Agent ဘက်မှလည်းမချေမငံဆီးကြိုမှုတွေကြောင့် စကားအခြေအတင်ဖြစ်ခဲ့ကြတာပါ။ ဒီ Group ထဲမှာ ကျွန်တော်ကို တော်တော်များများသိကြပါတယ်။ ကျွန်တော် ဒုက္ခရောက်တုန်းက အားလုံးကို အကူအညီတောင်းခဲ့ပါတယ်။ ဦးကျော်မြဦးအပါအ၀င်ပေါ့။ ကျွန်တော် ဘာတုန့်ပြန်မှုမှမရခဲ့ပါဘူး။ တစ်ခြားအဖွဲ့စည်းတွေလည်းမကူညီနိုင်ခဲ့ပါဘူး။ အခု ဦးကျော်မြဦး အမြင်မကြည်လင်တဲ့အဖွဲ့စည်းကပဲ ကျွန်တော်ကို တကယ်ထိထိရောက်ရောက်ကူညီခဲ့လို ကျွန်တော် အဆင်ပြေခဲ့တာပါ။ ITF ကမြန်မာမြေကိုလာတာဟုတ်ပါတယ်။ သူတို့လာတာမြန်မာသင်္ဘောသားတွေရဲ့နစ်နာမှုကိုဖြေရှင်းပေးဖို့ မြန်မာသင်္ဘောသားဘက်မှ ရပ်တည်ဖို့လာကြတာပါ။ ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ နောက်ဆုံးအနေဖြင့် ဦးကျော်မြဦးကို တစ်ခုလောက်မေးပါရစေ။ ဦးကျော်မြဦးက သင်္ဘောသားအဖွဲ့အစည်းမှ လူကြီးတစ်ယောက်အနေနဲ့မြန်မာသင်္ဘောသားများဘက်မှရပ်တည်ပေးမည့်သူလား နိုင်ငံခြား Agent ဘက်မှရပ်တည်ပေးမည့်သူလား သိချင်ပါသည်။
— with Aun KU and 11 others.
  • You, Ye Yint Aung Naing and 111 others like this.
  • Zaw Aung ကျော်မြဦးကအဲ့လိုလူမျိုးကြီးလားဟ
    3 hrs · Like · 6
  • Yx Philein ဟာဟ ကြည့်လို့တော့ကောင်းပြီ ကျွန်တော်သိတာကတော့ နိုင်ငံခြား Agent တွေကဘာမှသိတာမဟုတ်ဘူး ရိုက်ကြေးဆိုတာလည်းမသိဘူး လူရှာပေးရင် agent ကြေးရတယ်ဆိုတာပဲသိတာ အဲလို စရိုက်ပျက်မှုတွေကို မြန်မာတွေကပဲစတင်တာ စပြီးသင်ပေးတာ ကိုယ့်လူမျိုးကို ပြန်သတ်တာ
    သင်္ဘောသားဘက်က ကာကွယ်
    ပေးနိုင်တဲ့ အဖွဲ့အစည်းတွေဘက်က ရပ်တည်ပေးသင့်တယ် ဒါမှလည်း မတရားမှုတွေလျှော့နည်းမှာ အလုပ်ကတော့ တစ်ခုမရ တစ်ခုရှာပြီး လုပ်ကြမှာပဲ

    ငကန်းသေငဆွေပေါ်လာမှာပဲ
    ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်မှုမျိုးနဲ့ company တွေပေါ်လာရင် သင်္ဘောသား အရည်အချင်းဆိုတာကလည်း တိုးတက်လာမှာပဲ
    3 hrs · Like · 10
  • သား ဘီး လူး ငါထင်တာမမှဘူးဆို သောက်သုံးမကျတဲ့ RAY SHIPPING ဘဲးဖစ်ရမယ် အဲ့RAYက DMAကိုပိုင်တော့ဘယ်သူမှသောက်ဂရုမစိုက်ဘဲးလုပ်နေတာ
    3 hrs · Like · 6
  • Zaw Lin သြော်..ကျန်စစ်သားက စောလူးမင်းကို ရန်သူ့လက်က ခက်ခက်ခဲခဲ လာကယ် တာကို စောလူးက ပြသနာရှာပြီးမလိုက်တော့ ကျန်စစ်ကလဲ သြော်...မင်းထိုက်နဲ့မင်းကံပဲ..နေရစ်ပေတော့...စောလူးလဲ ရန်သူ့လက်ချက်နဲ့ သေရော....ဘယ်သူက ကျန်စစ်..ဘယ်သူက စောလူးလဲဆိုတာ တွေးသာကြည့်ပါတော့ဗျာ..

    ခုလဲ ITF က သင်္ဘော သား right အတွက်တကူးတက လာတာကို နှင်ထုတ်ရင်တော့..သြော် စောလူးရေ..ကိုယ့်ဘဝနဲ့ကိုယ်ပဲပေါ့...
    3 hrs · Edited · Like · 9
  • Soe Hlaing ပွဲဆူတော့မယ် ဘသူမှန်သလဲ ဘယ်သူမှားလည်းမသိပေမဲ့
    သဘောင်္သားဗီုက်မှောက်
    agent တိုက်ဆောက် ပေါ့ ခုဟာ၂ဖက်မျက်လုံးနဲ့ကြည့်ရမှာ
    3 hrs · Like · 4
  • Zaw Lin ဖြစ်စဉ်အမှန်ကို သိခွင့်ရလို့ ကျေးဇူးပါ
    3 hrs · Like · 5
  • Sat Naing အမှန်တရားကို မြတ်နိုးတတ်တဲ့သူတွေကိုလဲ ကျေးဇူးပါပဲ
    3 hrs · Like · 18
  • Tin Tun Aung ဒဲ့ပဲ
    3 hrs · Like · 4
  • Htet Myint Swe အဖြစ်မှန်သိရတာဝမ်းသာပါတယ်
    3 hrs · Like · 2
  • ချစ် ချစ် အဲ့ဒိဘဲကြီးအကြောင်းနည်းနည်းစုံစမ်းကြည့်ပါ။
    2 hrs · Like · 3
  • Moe Sat Htut Thanks u for ur post:)
    2 hrs · Like · 3
  • Ma May အင်း အလုပ်သမားရေးဆောင်ရွက်တဲ့ သူမို့ မြန်မာသဘောင်္သားတွေကြား အခြေအနေမှန်သိအောင် ဝင်ပြောပြပါ့မယ် ကျော်မြဦး ဆိုတဲ့အဖိုးကြီးကိုကျမတွေ့ဖူးပါတယ် သူလိုက်ခဲ့တဲ့ East wind သဘောင်္ကုမဏီကရမဲ့ အချိန်ပိုလုပ်ခ ကို ၊ITF မှပြန်လည်ရရှိရန်ကူညီခဲ့ပြီး မြန်မာပြည်တွင်းမှ IFOMS သင်္ဘေသားသမ၊ဂ မှ ၄င်းအပါအဝင် သက်ဆိုင်ရာ လျော်ကြေးရမည့်သဘောင်္သားများအား ပေးအပ်ခဲ့ပါသည် ထိုပွဲကို ကျမ ကိုယ်တိုင် ။Faciliatate လုပ်ပေးခဲ့သည် ၊ITF မှအကူအညီးပေးသဖြင့် ပြန်လည်ရရှိသည့် ပိုက်ဆံကိုသွားဖြဲယူပြီး ခုလိုရတဲ့ပိုက်ဆံရေပေါ်ကျောက်ခဲ ပေါ်သလိုပဲဟုပြောပြီး အကူအညီရခဲ့စဉ်က အသံ နှင့် ယခု မြန်မာပြည် ပို့ ဆောင်ရေး အလုပ်သမားများအခွင့်အရေးတိုးတက်ဖွံ့ဖြိုးရန် ဆောင်ရွက်ပေးနေသော ITF ကို ဝေဖန်တိုက်ခိုက်နေသည်မာ ရွံစရာကောင်းလှပါသည် ၊
    2 hrs · Like · 10
  • ကို စိုင်း သိပါတယ်ဗျာ။
    အပွေးမြင်အပင်သိပါ။
    ကျော်မြဦးက

    ပေါင်းစားပါဗျာ။
    အစကတည်းကသံသယဖြစ်နေတာ
    ။ခုတော့ရှင်းရှင်းလင်းလင်းကိုသိရပြီပေါ့။
  • Thein Thein ဦးကျော်မြဦး ရဲ့ တင်ပြမှု့ ကို ကျွန်တော်နားလည်တာက အောက်ပါအတိုင်းပါ။

    ဖြစ်ပျက်တဲ့ ကိစ္စ နေရာမှာ ကျွန်တော်မရှိပါ။ ဒါပေမဲ့ ဦးကျော်မြဦး ရေးသားချက် ကို ကြည့်ပြီး အောက်ပါအတိုင်းနာလည်ပါသည်။


    ၁) မြန်မာပြည်တွင် union တွေ များစွာပေါ်ပေါက်နေပါသည်။ ထို union ထဲတွင် သဘောင်္သားနှင့် ပတ်သက်၍ ဦးကျော်မြဦး တို့ ရုံးထိုင်နေသော union နှင့် နှစ်ပေါင်းများစွာက ITF တိုင်ပြီး ITF လစာဖြင့် ယူလာကြသော သဘောင်္သား တချို့  မြန်မာပြည်မပြန်ရဲဘဲ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ITF နှင့်ဆက်သွယ်၍ Burma ITF ကို စဖွင့်ထားပြီး အကွဲကွဲ အပြဲပြဲ ဖြစ်နေရာက နောက်ဆုံး တဦးတည်းသော ပုဂ္ဂိုလ် နဲ့ သာ ITF က ၊ ထောက်ပွ့ကြေးပေး၊ ဆက်ဆံပြီး ITF အစည်းအဝေးများတက်ခဲ့ပြီး မြန်မာပြည်ပွင့်လင်းလာမှ မြန်မာပြည်ထဲ ၀င်လာတဲ့ Union တခု ဆိုပြီး ရှိပါသည်။

    ၂) MSF ဆိုပြီး မိုဆာက ခွဲထွက်လာတဲ့ union က ပထမဦးဆုံး နိုင်ငံတော်က အသိအမှတ်ပြုပြီး သဘောင်္သားပြသနာများ ကိစ္စများကို ဖြေရှင်းဆောင်ရွတ်ပေးနေပါတယ်။ သူလဲ ITF နဲ့ မကင်းပါဘူး။ ITF အနေဖြင့် MSF သည် Non Government ဟုတ်မဟုတ်ဆိုတာကို ကင်းရှင်းစွာ မသိ၍ ရာနှုံးပြည့် လက်တွဲ မဆောင်ရွတ်ပါ။ သို့ရာတွင် သဘောင်္သား အများစုသည် MFS ကို ယုံကြည်၍ မင်ဘာများဝင်ရောက်ကြပါသည်။ MSF ရဲ့ ဆောင်ရွတ်မှု့ များကြောင့် သဘောင်္သားကိစ္စ တော်တော်များများလဲ အစဉ်ပြေသင့်သလောက်ပြေနေပါတယ်။ သဘောင်္သားအခမဲ့ ဆေးခန်းများအထိ ဖွင့်လာနိုင်ပါတယ်။ ထိုအတွက် ဘန်ကောက်မှ ပြောင်းလာသော union က လဲ သူ့တွင် မင်ဘာများ ၀င်ရောက်လာရန် အတွက် ITF မင်ဘာအချို့ ကို visit visa ဖြင့် အလည်ခေါ်လိုက်တာလို့ သိရပါတယ်။
    2 hrs · Like · 2
  • Thein Thein ၃) အလည်အပတ် visa နဲ့ရောက်လာတဲ့ ITF Inspector တွေက SRPS ကုမ္မဏီ ထံ ၀င်ရောက်ပြီး ( သိရ သလောက်တော့ ကုမ္မဏီကြီးတခုမှာ ဖြစ်တာပါ) သဘောင်္သားတက်ရင် ဘာလို့ ဂရန်သိမ်းရတာလဲ ဆိုတဲ့ မေးခွန်းအပြင် အခြား အလုပ်ကိစ္စ စာရွတ်စာတမ်းများကို တောင်းပြီး မပြတော့၊ မြန်မာ အဖွဲ့ က နဲနဲ ဟောက်လိုက်တယ်ကြားပါတယ်။ ဂရန်သိမ်းရခြင်းသည်၊ SRPS ကုမ္မဏီ က ပေါင်စားရန်၊ ရောင်းစားရန် မဟုတ်ပါ။ သဘောင်္သားများ ဆင်းပြေးလွန်း၍ ဒီစနစ်ကို ထွင်ပြီး သိမ်းရတာပါ။ သဘောင်္သားမဆင်းပြေးရင် သိမ်းစရာလဲ မလိုတော့ဘူးပေါ့။ ဒါသဘောင်္သားတိုင်းသိထားပြီးသားပါ။

    ၄) ဦးကျော်မြဦး ပြောတဲ့ အထဲမှာ ( မြန်မာလူမျိုး သင်္ဘောသားများ အလုပ်အကိုင် ရရှိရေး အခွင့်အလမ်းများကိုတောင် ထိခိုက် နစ်နာစရာများ ဖြစ်လာနိုင်သည်ဖြစ်လို့ မြန်မာ သင်္ဘောသားများ သတိထားကြပါခင်ဗျား။ အလုပ်ရှင်များ၏ စိုးရိမ်ပူပန်မှုကြောင့် မြန်မာများအတွက် အလုပ်များ လျှော့ပါးသွားလျှင် ITF က အလုပ်ရှာမပေးနိုင်ဘူးဆိုတာ သဘောပေါက်ကြပါ ညီနောင်များခင်ဗျား။ ) လက်ရှိ ကျွန်တော်တို့ သဘောင်္သားတွေက အလုပ်ရှင်ကို အားကိုးနေရတဲ့ အဆင့်ဘဲ ရှိပါသေးတယ်။ အခု ဖြစ်ခဲ့တဲ့ ကုမ္မဏီကြီး မြန်မာသဘောင်္သားတွေ ကို စိတ်ပျက်ခဲ့ရင် အလုပ်လက်မဲ့ ဖြစ်မဲ့ သူက မြန်မာသဘောင်္သားပါ။ ITF ဆိုတာ ပြသနာဖြစ်ရင် ship owner / operator ကို သာ ဆွဲ လှုပ်နိုင်ပေမဲ့ သဘောင်္သားအလုပ်ရရှိရေးကို မလုပ်ပေးပါ။

    ဒီအတွက် အလိုလားအပ်တဲ့ အသေးအဖွဲ ကိစ္စတွေ ကို နိုင်ငံခြားသားကို ဘာလို့ ချပြနေရတာလဲ။ union တဦးထက်တဦး နာမည်ရရေးလုပ်ကွတ်က သဘောင်္သား အလုပ်လက်မဲ့ ဖြစ်ရေးကို ဦးတည်နေနိုင်ပါတယ်။

    ဒီလိုကြောင့် ဦးကျော်မြဦး က ပို့ကိုတင်တယ်လို့ ယူဆပါတယ်။
    2 hrs · Like · 5
  • Thein Thein ITF ဆိုတာ သဘောင်္သားများအတွက် ပြသနာ ဖြစ်ရင် အားကိုးရသော အဖွဲ့ဖြစ်တယ်ဆိုတာ မှန်ပါတယ်။ တခါတရံ အဖြစ်မှန်မသိဘဲ လိမ်တိုင်လိုက်လို့ ဒုက္ခ ရောက်သွားတာလဲ ရှိဖူးပါတယ်။

    ကျွန်တော်သည် သဘောင်္သားပါ။ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ပါ။ ကျွန်တော်ကြုံဖူးတာနဲ့ ကြားဖူးတာကို တင်ပြတာပါ။


    သဘောင်္သား အားလုံးကျန်းမာကြပါစေ။
    2 hrs · Like · 6
  • Htet Myet Hmu ကိုသိန်းသိန်းရေ သဘောင်္သားအလုပ်အကိုင်ကရှားနေပြီးသားပါ အဲ့လိုရှားလာအောင် မြန်မာသဘောင်္သားတွေ ဈေးကျလစာသူများနဲ့တန်းတူမရအောင် မည်သူကလုပ်နေပါသနည်း
    ကျနော်သဘောင်္တစီးစီးဖူးတယ် ၀လုံးဘ၀တုံးကပေါ့ဗျာ ဖားဝလုံးက ၉၅၀ ကျနော်က ၇၅၀ အပေါ်ရောက်မှသိတာ ကဲ တရာခံဘယ်သူလဲ ဘယ်သူတွေကို လက်ညှိုးထိုးမလဲ မဖြစ်အောင်ဘယ်သူတွေကိုအားကိုးရမလဲ
    1 hr · Like · 5
  • Yan Naung Soe မြန်မာပြည်မှာဖွဲ့ထားတဲ့ ဘယ်ရေကြောင်းအဖွဲ့အစည်းမဆို သင်္ဘောသားတွေအတွက်ဘဲဖြစ်သင့်ပါတယ်...
    1 hr · Like · 4
  • Htet Myet Hmu အလုပ်ကရှား
    လစာကပါး
    ရိုက်ကြေးကများ

    မြန်မာသဘောင်္သား
    1 hr · Edited · Like · 1
  • Kyaw Mya Oo ITF နဲ့ ၄င်းတို့၏ Flag of Convenience FOC Campaign အကြောင်း မြန်မာသင်္ဘောသားများ ဗဟုသုတရစေရန် ပြောပြဘို့ အစီအစဉ်ရှိပါတယ်။ မြန်မာသင်္ဘောသား တော်တော်များများက ITF နဲ့ပါတ်သက်လို့ ဂဃ နဏ သိပ်မသိကြပါဘူး။ ဒီဖြစ်စဉ်မှာ အိမ်ဂရန်ကို security အဖြစ် သိမ်းထားတာကို ITF က လာဖြေရှင်းတယ်ဆိုတာပါလို့ ထုတ်ပြောခြင်သူဟာ ကန်ထရိုက်မပြည့်ဘဲ သူကြီးဆီမှာ လက်မှတ်ထိုးပြန်လာတယ်ဆိုတာကိုတော့ ဘာလုပ်မပြောတာလဲ။ မှားတယ် မှန်တယ်ဆိုတာ မြန်မာလူမျိုးအခြင်းခြင်းရှင်းမရဘူးဆိုတာ မရှိခဲ့ပါဘူး။ အဓိက က sovereignty မိမိ တိုင်းပြည် မိမိ အုပ်ချုပ်သူရှိရက်နဲ့ နိုင်ငံခြားသားက ရုံးပေါ်တက် စစ်ဆေးခြင်းသည် မြန်မာတမျိုးသားလုံးကို စော်ကားရာ ရောက် မရောက် စဉ်းစားဘို့ပါ။ ရန်ကုန်က ရုံးတခုကို မဆိုထားနဲ့ သင်္ဘောပေါ်ကိုတောင် သူကြီး ခွင့်မပြုရင် တက်လို့မရပါ။ဖြစ်စဉ်က တရားဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတိုင်ထားလို့ ဘယ်သူမှားတယ်ဆိုတာ မကြာခင်သိကြရမှာပါ။ကျွန်တော်တသက်မှာ အမြဲတမ်း မြန်မာသင်္ဘောသားတွေဘက်က ရပ်တည်ခဲ့တယ်ဆိုတာ အတူတူ လုပ်ဘူးသူများကိုသာမေးကြည့်။ နိုင်ငံခြား အေးဂျင့်ရော နိုင်ငံခြား ITF ရော သုံးရရင် သုံးမယ်။ သစ္စာတော့ မခံဘူး။ဒီ FOC Campaign ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။ သိအောင် ကြိုးစားကြပါ။ ဒီကနေ့ မြန်မာသင်္ဘောသားတွေ အလုပ်ရရှိဘို့ ကြိုးစားမလား ဘာလုပ်ဘို့လိုလဲ စဉ်းစားသင့်ပါတယ်။ တချိန်က ITF တွေ ခဏခဏပြသနာရှာလို့ ဖိလိပိုင်တွေ အလုပ်လက်မဲ့ဖြစ်တာမမေ့ပါနဲ့။Positively ဆွေးနွေးလိုရင်welcome ပါ။
    1 hr · Like · 1
  • Thein Thein Htet Myet Hmu - ရေ ကျွန်တော် ဦးကျော်မြဦး ကို မရင်းနှီး မသိသော်လည်း မြန်မာသဘောင်္သား union မှာ မြန်မာသဘောင်္သားများအတွက် ကူညီနေတဲ့ သူတယောက် အဖြစ် အသိအမှတ်ပြု လေးစားအသိမှတ်ပြုထားတဲ့ ပုဂ္ဂိုလ်တဦးပါ။

    (၀လုံးဘ၀တုံးကပေါ့ဗျာ ဖားဝလုံးက ၉၅၀ ကျနော်က ၇၅၀) ဒီကိစ္စက
    DMA မွာ တာ၀န္လား၊ သေဘာၤကုမၼဏီလား၊ သေဘာၤသားလား။ ကုမ္မဏီဆိုတာ လစာနဲနဲပေးရတဲ့ အလုပ်သမားကို ဦးစားပေးမှာပေါ့။ လစာ တူနေမှတော့ ခေါင်းမစားရတဲ့ သဘောင်္သားကို ဘဲ ရွေးမှာဘဲလို့ထင်ပါတယ်။
    ဘယ်သူ့ကြောင့်မှ မဟုတ်ပါ။
    1 hr · Like · 2
  • Moe Sat Htut အဓိကပြသာနာမှာ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် သင်္ဘောသားဖြစ်ခြင်းကြောင့်ဖြစ်သည်။မည်သူ တစ်ဦးတစ်ယောက်တွင်မှ တာဝန်မရှိပါ။.
    45 mins · Like · 1
  • Sat Naing MLC 2006မှာ crew အိမ်ဂ၇န် သိမ်းထားလို့ရတဲ့ အချက်ကလေးများသိရင် သင်ပေးကြပါ
    သူကြီးတစ်ယောက်အနေနဲ့ နေမကောင်းပါဘူးလို့ပြောတဲ့ Crew တယောက်ကို ဆေးကုဖို့မလုပ်ပဲ စာရွက်ပေါ်မှာပြန်ဖို့ ဖိအားပေးလက်မှတ်ထိုးခိုင်း တာဟာမှန်နေတယ်လို့များဆိုလိုချင်တာလား သူကြီးတစ်ယောက်ရဲ့တာဝန်ကို သူကြီးကသာအသိဆုံးဖြစ်မှာပါ
    29 mins · Like · 4
  • Sat Naing MlC ဆိုတာ ship owners တွေကရေးဆွဲထားတာမဟုတ်ပါဘူး ITFက ဦးဆောင်ပီးသင်္ဘောသားအကျိုးအတွက် Maritime Union တွေပူးပေါင်းပြီးရေးဆွဲထားတယ်ဆိုတာ မြန်မာပြည်က MLC ဆရာသမား တွေသိမယ်ထင်ပါတယ်
    24 mins · Like · 2
  • Sat Naing ITF inspector ကို သူကြီးကသင်္ဘောပေါ်တက်ခွင်မပြု ရင် ဘာတွေဖြစ်လာမလဲဆိုတာ သူကြီးတွေသိပါတယ်
    21 mins · Like · 1

No comments: