တရုပ်ငါးဖမ်းသင်္ဘော တစ်စီး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကျောက်ဖယားမြစ် ထဲမှာ ရပ်နားနေတာ 3 လကြာပြီဖြစ်လို
့တရုပ်သင်္ဘောသား 7 ဦး မြန်မာသင်္ဘောသား 5 ဦးတို့ အစားအသောက်အခက်အခဲနဲ
့ရင်ဆိုင်နေရပါတယ်။ 2015 ဧပြီလ 22 ရက်နေ့ က ပ၀ီးနားဖေါင်ဒေးရှင်းက
သွားရောက်အကူအညီပေးခဲ့ရပါတယ်။
တရုပ်နိုင်ငံပိုင် ငါးဖမ်းသင်္ဘောက ကျောက်ဖယားမြစ်ထဲမှာ ဧပြီလဆန်းပိုင်းက ရပ်နားနေပြီး ပိုင်ရှင်က သင်္ဘောသားတွေကို ပစ်ထားပြီး တရုပ်နိုင်ငံကိုပြန်သွားပြီဖြစ်ပါတယ်။ သင်္ဘောသားတွေရဲ့ နိုင်ငံကူးလက်မှတ်ပါ သိမ်းသွားတဲ့အတွက် ကမ်းပေါ်လည်းမတက်ရဲဘူးဖြစ်ခဲ့ရတယ်။ လစာမရသလို သောက်ဖို့ ရေနဲ့ အစားအစာပါကုန်ခန်းနေပါတယ်။ပ၀ီနားဖေါင်းဒေရှင်းက သွားရောက်ကူညီခဲ့ပြီး သင်္ဘောသားတွေ နေရပ်ပြန်နိုင်ရေးအတွက် ထိုင်းနိုင်ငံကြားရေးဝန်ကြီးဌာနက တဆင့် သက်ဆိုင်ရာ နိုင်ငံတွေကို ဆက်သွယ်ကူညီသွားမယ်လို့ ပ၀ီးနားဖေါင်ဒေးရှင်းတီထောင်သူ မစ်ပ၀ီးနား ဟုံစကွန်းက သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်၊၊

No comments:
Post a Comment