Saturday, April 4, 2015

ပျောက်ဆုံးနေဆဲ အလောင်းတွေကို ပြန်ဖော်နိုင်ဖို့ နစ်မြုပ်နေတဲ့ ကူးတို့သင်္ဘောကို ပြန်ဆယ်ဖို့ တောင်းဆိုနေကြ



တောင်ကိုရီးယားမှာ မနှစ် ဧပြီလက Sewol သင်္ဘော နစ်မြုပ်မှုမှာ သေဆုံး သွားတဲ့ ကျောင်းသူ ကျောင်းသား ၂၅ဝ ရဲ့ မိဘတွေက သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတွေ လုပ်ဖို့ တောင်းဆိုတဲ့အနေနဲ့ Ansan က ဆိုးလ်မြို့တော် ထိ မိုင် ၂ဝ ကျော်ခရီးကို ချီတက် လမ်းလျှောက်နေကြပါတယ်။
ပျောက်ဆုံးနေဆဲ အလောင်းတွေကို ပြန်ဖော်နိုင်ဖို့ နစ်မြုပ်နေတဲ့ ကူးတို့သင်္ဘောကို ပြန်ဆယ်ဖို့လည်း တောင်းဆိုနေကြသလို သားသမီးတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ရင်း ငိုကြွေးနေကြတာကို တွေ့ရပါတယ်။
BBC Burmese



No comments:

Post a Comment