Posted by:
မြန်မာသင်္ဘောသားတွေရဲ့
ရပိုင်ခွင့် အခွင့်အရေးတွေကို ကာကွယ်ဖို့နဲ့ ထိခိုက်ဒဏ်ရာရတဲ့အခါ
ရသင့်တဲ့အခွင့်အရေးတွေ အပြည့်အဝရဖို့ ထူထောင်ထားတဲ့
ပင်လယ်ပျော်များအဖွဲ့ချုပ် (IFOMS)နဲ့ နိုင်ငံတကာသယ်ယူ ပို့ဆောင်ရေးလုပ်သားများအဖွဲ့ချုပ် (ITF) တို့ပူးပေါင်းပြီး မတ်လ ၃ဝနဲ့ ၃၁မှာ ညီလာခံတစ်ခု ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ
ပင်လယ်ပျော်များအဖွဲ့ချုပ်ဟာ အခုမှ စတင်ဖွဲ့စည်းတာဖြစ်လို့
အင်အားသိပ်မရှိသေးပေမယ့် မြန်မာသင်္ဘောသားတွေအတွက် အကာအကွယ်ပေးရပ်တည်ဖို့
လုပ်ငန်းစဉ်တွေ၊ ၅နှစ်စီမံကိန်းတွေကို ပထမဆုံး ကျင်းပတဲ့ ညီလာခံမှာ
ဆွေးနွေးမှာဖြစ်တယ်လို့ ဦးဇော်အောင်က ပြောပါတယ်။ အဖွဲ့ဝင်ဖြစ်ဖို့
အဖွဲ့ဝင်ကြေး တစ်လကို ကျပ် ၅ထောင်သတ်မှတ်ထားပြီး တစ်နှစ်ကို
၎ကြိမ်ကောက်ခံမယ်လို့ ဆိုပါတယ်။
သင်္ဘောလိုက်တာ
အနှစ် ၃ဝသက်တမ်းရှိပြီး လက်ရှိ အနားယူထားတဲ့ ဦးညိုဝင်းက
ပင်လယ်ပျော်များအဖွဲ့ရဲ့ ညီလာခံကို တက်ရောက်ရတာ ဂုဏ်ယူတဲ့အကြောင်း၊
သင်္ဘောသားတွေဘက်ကနေ ရပ်တည်ပေးမယ့်အဖွဲ့ဖြစ်လို့ နောင်လာနောက်သား
သင်္ဘောသားတွေအတွက် အခွင့်အရေးကောင်းတွေ ရမယ်လို့ မျှော်လင့်နေပါတယ်။
မြန်မာနိုင်ငံကို အခုမှ ပထမဆုံးရောက်လာတဲ့ သူတို့နိုင်ငံတကာအဖွဲ့အစည်းထဲမှာ မြန်မာပင်လယ်ပျော်များအဖွဲ့ချု ပ် ပါဝင်လာမှာဖြစ်သလို ရေကြောင်းနဲ့အသက်မွေးဝမ်းကျောင်းတဲ့သူတွေ ကမ္ဘာစံနှုန်းနဲ့ကိုက်တဲ့ အလုပ်အကိုင်တွေရဖို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ILO နဲ့
ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာပင်လယ်ပျော်တွေ စည်းလုံးမှုနဲ့အတူ
ပံ့ပိုးပေးရမှာမို့ အများကြီးစိတ်လှုပ်ရှားရသလို ဝမ်းလည်းသာတယ်လို့
ဆိုပါတယ်။
အရှေ့တောင်အာရှမှာ
မြန်မာရေလုပ်သားအများစု အခက်အခဲများစွာ၊ ပြဿနာများစွာ ရင်ဆိုင်နေရပြီး
အင်ဒိုနီးရှားမှာ မကြာသေးခင်က မြန်မာရေလုပ်သားတွေကို ဖမ်းဆီးမိတဲ့
ပြဿနာတစ်ခုရှိခဲ့တဲ့အကြောင်း၊ နှစ်နိုင်ငံ သဘောတူလက်မှတ်တွေထိုးပြီး
ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ တိုက်ပွဲဝင်သွားမယ်လို့
အာရှပစိဖိတ်ဆိုင်ရာ ITF အဖွဲ့ဥက္ကဌက ဆိုပါတယ်။
.png)
No comments:
Post a Comment