ဥပဒေကြောင်းအရ ရသင့်ရထိုက်သည်များကိုလည်း မြန်မာနိုင်ငံမှ စေလွှတ်သော Company များမှတဆင့် ဆက်လက်တောင်းဆိုသွားနိုင်ပါကြောင်း Magellan company ကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။
ထို့အတူ တောင်ပိုင်းစာဟာလင်မြို့ Pacific Plaza Hotel တွင်တည်းခိုနေထိုင်နေစဉ်ကာလအတွင်း နေထိုင်စရိတ်နှင့် စားစရိတ်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံကတာဝန်ယူထားပေးသော်လည်း လိုအပ်လျက်ရှိသော အဝတ်အစားများနှင့် တစ်ကိုယ်ရေသုံးအသုံးအဆောင်ပစ္စည်းများဝယ်ယူနိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ မော်စကိုမြို့မှ သံအမတ်ကြီးဦးတင်ယု မိသားစု၊ သံရုံးမိသားစုများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေကြသော ပညာတော်သင် တပ်မတော်အရာရှိများကစုပေါင်း၍ အလှူငွေ ရူဘလ် ၁၁၀၀၀၀ ပေးပို့လှူဒါန်းထားကြောင်းသတင်းရရှိပါသည်။
အသက်ရှင်လျှက်ကျန်ရှိသောမြန်မာသင်္ဘောသား (၂၂)ဦးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၂-၄-၂၀၁၅) ရက်နေ့ မြန်မာစံတော်ချိန် (၂၂:၂၅) တွင်ရာက်ရှိမည်ဖြစ်ပါကြောင်းနှင့် သေဆုံးသူ (၁၆)ဦး၏ ရုပ်အလောင်းများကို (၁၅-၄-၂၀၁၅) ရက်နေ့တွင် စီးလုံးငှားလေယာဉ်ဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း တောင်းပိုင်းစာဟာလင်ဒေသ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်ထံမှသတင်းရရှိပါသည်။
မသရ၊ မော်စကို။

No comments:
Post a Comment