မြန်မာသင်္ဘောသားတွေကို ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ တင်ဆောင်လာခဲ့တာဖြစ်ပြီး သဘောင်္သား(၂၂)ဦးလုံး ကျန်းကျန်းမာမာရှိတဲ့အကြောင်းနဲ့ Sakhalin မြို့ရှိ Pacific Plaza ဟိုတယ်မှာထားရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက သင်္ဘောသား ၁၃၂ ယောက်လိုက်ပါလာတဲ့ ရုရှား ငါးဖမ်းသင်္ဘော ဒဲလ်နီ ဗော့စ်တော့ “Dalniy Vostok” ဟာ ဧပြီ ၂ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း Okhotsk အိုခေါ့ရှ်ပင်လယ် ၊ Kamchatka ကမ်ချတ်ကာ ကျွန်းဆွယ်မှာ နစ်မြုပ်သွား ခဲ့တာပါ။
သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၄၂ ဦး လိုက်ပါသွားခဲ့ရာမှာ အသက်ရှင်သူ ၂၂ ဦး သေဆုံးသူ ၁၆ လောင်း ပြန်ရရှိပြီး၊ ၄ ယောက်မှာ ပျောက်ဆုံးနေဆဲလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သင်္ဘောသားတွေရဲ့ အမည်စာရင်းကိုလည်း မြန်မာသံရုံးဝက်ဆိုက်မှာရော ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာမှာပါ ဖော်ပြထားပြီး ပျောက်ဆုံးနေဆဲ မြန်မာသဘောင်္သား ၄ ဦးကတော့ ကိုစန်းဝင်းလှိုင်၊ ကိုကိုမောင်၊ ကိုသက်ဆွေနဲ့ ကိုသိန်းထွန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးရရှိသည့် သတင်းများအရ သေဆုံးသူ မိသားစုတွေကို ရုရှားအလုပ်သမား ဝန်ကြီးဌာနက ရုရှား ရူဘယ် ငွေ တစ်သန်းစီ ထောက်ပံ့ပေးသွားဖို့ရှိတယ်လို့လည်း မြန်မာသံရုံး လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကယ်ဆယ်ထားပြီးသော မြန်မာသင်္ဘောသားများ Pacific a Plaza Hotel သို့ ရောက်ရှိပြီဖြစ်ပါကြောင်းနှင့် အောက်ဖော်ပြပါ အခန်းများတွင်နေရာချထားပေးပါကြောင်း သတင်းရရှိပါသည်။
422- Min Htoo Htet Aung, Min Rott Paik
423- Min Thein Oo, Naing Naing
424- Than Htike, Tin Htoo Naing
425- Zwe Wai Yan, Myo Min Oo
426- Phyo Min Thant, Aung Ko Oo
523- Pai Thu Oo, Wi Lin Moe
524- Thet Paing Oo, Pyae Phyo Lwin
526- Kyaw Kyaw, Htet Ko Ko
621- Win Htut, Kyaw Ye Aung
622- Yar Zar Kyaw, Zaw Myint Aung
623- Myo Zaw Win, Kyaw Swar Htut


No comments:
Post a Comment