Tuesday, April 28, 2015

ကုမ္ပဏီတွေမတူတာကြောင့် စာချုပ်တွေလည်း မတူညီလို့ စာချုပ်အတိုင်းပဲ ဆောင်ရွက်မယ်



ရုရှနိုင်ငံ Okhutsk Sea ရေပိုင်နက်ထဲ နစ်မြှုပ်ခဲ့တဲ့ Dalniy Vostok သင်္ဘောပေါ် ပါဝင်ခဲ့တဲ့ မြန်မာသင်္ဘောသားတွေရဲ့ ရဲ့ နစ်နာဆုံးရှုံးမှုတွေ ရဖို့အတွက် ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က ဧပြီ ၂၇မှာ ပြောဆိုလိုက်ပါတယ်။ ပျောက်ဆုံး၊ သေဆုံးနဲ့ ကျန်ရစ်သူ သင်္ဘောသားတွေအတွက် ဘယ်လိုဆက်လုပ်ဖို့ရှိသလဲ။
ရုရှငါးဖမ်းသင်္ဘောပေါ်မှာပါဝင်တဲ့ မြန်မာသင်္ဘောသား ၄၂ယောက်ကို ကုမ္ပဏီ ၅ခုက စေလွှတ်ခဲ့တာဖြစ်ပြီး သင်္ဘောသားတွေဟာ ငါးဖမ်းတဲ့အလုပ်ကို လုပ်ရတာမဟုတ်ဘဲ ထုပ်ပိုးရတာဖြစ်လို့ သင်္ဘောသားတွေရဲ့ ရပိုင်ခွင့်ကို ဆွေးနွေးညှိနှိုင်းမှာဖြစ်ပြီး ကုမ္ပဏီတွေမတူတာကြောင့် စာချုပ်တွေလည်း မတူညီလို့ စာချုပ်အတိုင်းပဲ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

သင်္ဘောသားတွေနဲ့ပတ်သက်လို့ အသက်အာမခံထားရမယ့် DNA ညွှန်ကြားချက်ရှိတာကြောင့် စာရွက်စာတမ်း မရှိတော့ရင်တောင်မှာ အာမခံကုမ္ပဏီကိုဆက်သွယ်ပြီး အသက်အာမခံရဖို့ ဆောင်ရွက်မှာဖြစ်ပြီး မြန်မာသံအမတ်ကြီး၊ ရုရှမြန်မာချစ်ကြည်ရေးအသင်းနဲ့ သင်္ဘောကုမ္ပဏီတို့ ညှိနိုင်းချက်အရ သေဆုံးတဲ့ သင်္ဘောသားတစ်ယောက်ကို အမေရိကန်ဒေါ်လာ တစ်သောင်းခွဲ၊ အသက်ရှင်တဲ့သင်္ဘောသားတစ်ယောက်ကို ဒေါ်လာ ၃ထောင်ကို ဧပြီအကုန်မှာပေးဖို့ စီစဉ်ထားတယ်လို့ ဦးကျော်မြဦးက ရှင်းပြပါတယ်။
ကုမ္ပဏီ၅ခုဖြစ်တဲ့ Sea Rider, Top Chance, Asia Wave, Light Oasis နဲ့ Star Global က စေလွှတ်တဲ့ မြန်မာသင်္ဘောသား ၄၂ယောက်ဟာ နိုင်ငံခြားသင်္ဘောသား ၁၃၂ဦးပါဝင်တဲ့ ရုရှငါးဖမ်းသင်္ဘောပေါ် အလုပ်လုပ်ခဲ့ရာက သင်္ဘောနစ်မြှုပ်ကြောင့် မြန်မာ ၁၆ယောက်သေဆုံးပြီး ၄ယောက်ပျောက်ဆုံးခဲ့ပါတယ်။ အသက်ရှင်သူ သင်္ဘောသား ၂၂ယောက်က မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။
သေဆုံးသူ သင်္ဘောသား ကိုကျော်နေမင်းရဲ့မိခင် ဒေါ်သိန်းကျော့် သူ့သားမသေဆုံးခင်အထိ ဖုန်းအဆက်အသွယ် ပုံမှန်ရှိခဲ့ပြီး သားဖြစ်သူပြောဆိုချက်အရ သင်္ဘောကလွဲနေသလို လုပ်ရတဲ့အလုပ်ကလည်း လွဲနေပေမယ့် မိသားစု စားဝတ်နေရေးအတွက် သင်္ဘောမပြောင်းဘဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်ကိုရင်းပြီးရမယ့် အာမခံကြေးတွေရဖို့ ဝိုင်းဝန်းကူညီပေးစေချင်တယ်လို့ ဆိုပါတယ်။
အသက်မသေဘဲ ကံကောင်းထောက်မလို့ လွတ်မြောက်လာတဲ့ ကိုထက်ကိုကိုက သင်္ဘောမြှုပ်စအချိန် စက်ရုံထဲအလုပ်လုပ်နေရာက ရေတွေဝင်လာလို့ အပေါ်ကိုပြေးတက်ချိန်မှာ အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ခဲ့ရလို့ လွတ်မြောက်ခဲ့ပေမယ့် မြန်မာတွေအများကြီး အဝတ်ဆင်ရသေးလို့ အသက်ကယ်အင်္ကျီပြန်သွားယူချိန် မီးတွေပြတ်သွားခဲ့လို့ ဒုက္ခရောက်ခဲ့ပုံတွေကို ပြန်ပြောပြပါတယ်။
 

No comments:

Post a Comment