Thursday, April 9, 2015

မက္ကဆီကိုတွင် ဖမ်းဆီးထား သည့်မြောက်ကိုရီးယား ကုန်တင်သင်္ဘော

သင်္ဘောသား ၅၀ခန့်ပါဝင်သည့် မြောက်ကိုရီးယားသင်္ဘောတစ်စင်းကို မက္ကဆီကိုက ဖမ်းဆီးထားရာ ပြန်လွှတ်မပေးက လိုအပ်သည့် တုံ့ပြန်မှုများ လုပ်ဆောင် သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက သတိပေးလိုက်သည်။ ယင်းသင်္ဘောသည် နာမည်ပျက်စာရင်းဝင် သင်္ဘောကုမ္ပဏီမှ ပိုင်ဆိုင်သည့် သင်္ဘောဖြစ်ကြောင်း ကုလသမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုများ စောင့်ကြည့်ရေးအဖွဲ့ကပြောသည်။

တန်ချိန် ၆၇၀၀ ရှိ Mu Du Bong သင်္ဘောသည် ကျူးဘားမှ ထွက်ခွာ လာခြင်းဖြစ်သည်။ ဇူလိုင် ၁၃ ရက် က မက္ကဆီကိုနိုင်ငံ တူ့ပန် ကမ်းခြေမြို့ သန္တာကျောက် တန်း ဝန်းကျင် ခုတ်မောင်းရောက် ရှိလာခြင်းဖြစ်သည်။ ဂြိုလ်တု ပုံရိပ်များ အရ သင်္ဘောသည် တူ့ပန် ဆိပ်ကမ်းတွင်ပင် ရှိနေသေးကြောင်း သိရသည်။
Mu Du Bong သင်္ဘော သည် နာမည် ပျက်စာရင်းဝင် Ocean Maritime Management Company သင်္ဘော ကုမ္ပဏီနှင့် ပတ်သက် မှုမရှိကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုတွင် အကျုံးဝင်ခြင်းမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား လက်ထောက် သံအမတ်ကြီး အန်မြောင်ဟန်းက သတင်းစာရှင်း လင်းပွဲ တွင်ပြောခဲ့သည်။
မြောက်ကိုရီးယားဖက်က သန္တာကျောက်တန်းများ ပျက်စီး မှုအတွက် မက္ကဆီကိုနိုင်ငံကို ပမာဏ ထုတ်ဖော်မပြော သည့်လျှော်ကြေးငွေ များပေး ခဲ့ပြီးကြောင်း၊ ထို့အတွက်ကြောင့် မက္ကဆီကိုနိုင်ငံ အနေဖြင့် သင်္ဘော ကိုပြန်လွှတ်ပေး သင့်ကြောင်း ၎င်း ကပြောခဲ့သည်။
Ref: CNA

No comments:

Post a Comment