Tuesday, April 28, 2015

တောင်ကိုရီးယားသင်္ဘော ကပ္ပတိန်ကို တသက်တကျွန်း ချမှတ်


တောင်ကိုရီးယား Sewol ကူးတို့သဘောင်္ ကပ္ပတိန်ကို လူသတ်မှု နဲ့ အယူခံ တရားရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။
၂၀၁၄ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က လူငယ် ကျောင်းသူ ကျောင်းသားတွေ အများဆုံးပါဝင်တဲ့ လူပေါင်း ၃၀၄ ဦး သေဆုံးခဲ့ရတဲ့ သင်္ဘောမှောက်မှု ဖြစ်ခဲ့စဉ်က ကပ္ပတိန် ဖြစ်သူ Lee Joon-seok ဟာ သင်္ဘောကို ပဲ့ကိုင်မောင်းနှင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ တာဝန်ပေါ့ဆမှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ထောင်ဒဏ် ၃၆ နှစ် ပြစ်ဒဏ် ချမှတ်ခံရသူ ဖြစ်ပါတယ်။
သူနဲ့အတူ တာဝန်ကျ ကျန် သင်္ဘောအမှုထမ်း ၁၄ ဦးကိုတော့ လျှော့ပေါ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
တောင်ကိုရီးယား ကမ်းခြေမှာ ခရီးသည်တင် Sewol သင်္ဘောဟာ အင်ချွန်းဆိပ်ကမ်း ကနေ Jeju ကျွန်းကို ထွက်ခွာနေစဉ် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment