![]() | |
| ရေယာဉ်မှူးး လီယောင်ဆွန် |
![]() |
တောင်ကိုရီးယားနိုင်ငံတွင်လွန်ခဲ့သောတနှစ်ကနစ်မြုပ်ခဲ့သောကူးတို့သင်္ဘောတစင်း
၏ရေယာဉ်မှူးအားသေဒဏ်ပြစ်ဒဏ်စီရင်ချက်ချမှတ်ပေးရန်အစိုးရရှေ့နေများကဧပြီ
၇ ရက်နေ့တွင်အယူခံတရားရုံးတရုံးသို့တိုက်တွန်းလိုက်ကြောင်းဒေသဆိုင်
ရာသတင်းဌာနများကသတင်းထုတ်ပြန်သည်။
၂၀၁၄ဧပြီ၁၆ရက်က တောင်ကိုရီးယားနိုင်င်ငံအနောက်တောင်ပိုင်းကမ်းရိုးတန်းကမ်းလွန်တွင် ဆီဝိုးလ် အမည်ရှိကူးတို
သင်္ဘောနစ်မြုပ်ခဲ့ရာ
ရေယာဉ်မှူးကလူအများအသက်သေဆုံးနိုင်မှုကိုသိလျက်နှင့်သင်္ဘောကို
တမင်တကာစွန့်ခွာသွားခဲ့သည်ဟုအစိုးရရှေ့နေများကစွဲချက်တင်ခဲ့ကြသည်။
လူပေါင်း
၄၇၆ဦးတင်ဆောင်လာသောအဆိုပါကူးတို့သင်္ဘောနစ်မြုပ်ခဲ့ရာသေဆုံးသူ ၃၀၄ဦးအနက် ၂၅၀မှာလေ့လာရေးခရီး
ထွက်လာကြသောကျောင်းသားကျောင်းသူလေးကလေးများဖြစ်ကြသည်။
ရေယာဉ်မှူး
လီယောင်ဆွန်နှင့်အသက်ဘေးမှလွတ်မြောက်ခဲ့သောရေယာဉ်ဝန်ထမ်း ၁၄ဦးတို့ကိုပြီးခဲ့သည့်နိုဝင်ဘာလကထောင်ဒဏ်၅နှစ်မှ ၃၆နှစ်အထိပြစ်ဒဏ်အသီးသီးကျခံစေရန်စီရင်ချက်ချမှတ်ခဲ့သည်။ရေယာဉ်မှူးလီကိုထောင်ဒဏ်
၃၆နှစ်ကျခံစေရန်ပြစ်ဒဏ်စီရင်ချက်ချမှတ်သော်လည်းလူသေစေမှုစွဲချက်မှကင်းလွတ်ခွင့်
ရရှိခဲ့ခြင်းနှင့်ပတ်သတ်ပြီးပြန်လည်းသုံးသပ်ပေးရန်နိုင်ငံတောင်ပိုင်း ကွမ်းဂျူးမြို့တရားရုံးချုပ်သို့တင်ပြရန်အစိုးရရှေ့နေများ
ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည်။
PTI



No comments:
Post a Comment