အာရေဗျ ပင်လယ်နဲ့ ပါရှဲန်း ပင်လယ်ကွေ့ ကို ဆက်သွယ် ပေး ထားတဲ့ ဟိုမူးဇ် ကမ်းမြှောင် ကို အမေရိကန် သင်္ဘော တွေ ဖြတ်သန်း ချိန် မှာ စစ်သင်္ဘော အစောင့် အရှောက် လိုက် ပေးမယ် ဆိုပြီး အမေရိကန် စစ်ဘက် က ကြေညာ လိုက်ပါ တယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ က မာရှယ် ကျွန်းနိုင်ငံ အလံ လွှင့်ထူ ထားတဲ့ ကုန်တင် သင်္ဘောကို အီရန် စစ်တပ် က ထိန်းချုပ် လိုက် ပြီးတဲ့ နောက် အမေရိကန် ဘက် က အခုလို ကြေညာချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာ မြန်မာ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ ဗြိတိန် နိုင်ငံသားတွေအပါအ၀င် သင်္ဘောသား ၂၄ ဦး လိုက်ပါလာတယ်လို့ အီရန်အစိုးရ ရုပ်သံသတင်းမှာ ထုတ်လွှင့်သွားပါတယ်။ သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသားအရေအတွက် ဘယ်လောက်ပါတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒိန်းမတ်အခြေစိုက် အီရန်သံရုံးကတော့ သံတမန်တွေအနေနဲ့ လိုအပ်လို့ တောင်းခံလာ မယ်ဆိုရင် သင်္ဘောသားတွေဆီသွားတွေ့ခွင့်ရတယ်လို့ ပြောပါတယ်။
ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုပြဿ နာဖြစ်ပြီး နောက်ကွယ်မှာ နိုင်ငံရေးနဲ့ လုံခြုံရေး ရည်ရွယ်ချက်တွေနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ လည်း သံရုံး ကြေညာချက်မှာ ပြောပါတယ်။
သင်္ဘောကို ထိန်းသိမ်းထားရတဲ့အကြောင်းရင်းဟာ ၂၀၀၅ ဇန်န၀ါရီက အီရန်ကုမ္ပဏီတခုက ယူအေအီးနိုင်ငံ ဒူဘိုင်းကိုပို့မယ့် ကွန်တိန်နာ ကုန်သေတ္တာ ၁၀ လုံး ဆုံးရှုံးခဲ့ရမှုနဲ့ ဆက်စပ်နေတယ်လို့ အီရန် ဆိပ်ကမ်းနဲ့ ရေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သင်္ဘောကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်း လျော်ကြေးပေးရမယ်လို့ အီရန် တရားရုံးက အမိန့်ချထားတယ်လို့လည်း ဆိုပါတယ်။
သင်္ဘောကုမ္ပဏီဘက်ကတော့ ကုန်သေတ္တာတွေကို လက်ခံယူမယ့်သူ ဘယ်သူမှ မရှိခဲ့ကြောင်းနဲ့ ယူအေအီးနိုင်ငံရဲ့ ဥပဒေအရ ရက် ၉၀ ကြာတဲ့အထိ ပစ္စည်းလာယူသူမရှိရင် အာဏာပိုင်တွေက ရှင်းထုတ်ပစ်လိုက်တယ်လို့ ပြောပါတယ်။
Maersk သင်္ဘောလိုင်းကုမ္ပဏီကတော့ ဖမ်းထားတဲ့သင်္ဘောနဲ့ သင်္ဘောသားတွေကို လွှတ်ပေးဖို့ အီရန်အစိုးရကို တောင်းဆိုထားပြီး ဒီသင်္ဘောဟာ ငှားရမ်းထားတာဖြစ်ပြီး Maersk လိုင်းပိုင် သင်္ဘော မဟုတ်သလို သင်္ဘောသားတွေဟာလည်း Maersk သင်္ဘော လိုင်းက မဟုတ်ဘူးလို့ ပြောပါတယ်။
အီရန်က တော့ သူတို့ ထိန်းချုပ် လိုက်တဲ့ သင်္ဘော ပိုင်ရှင် က အီရန် ကို
ရှင်း မပေး ရသေးတဲ့ ကြွေးကျန် တွေ ရှိနေပြီး၊ အကြွေး ကိစ္စ ပြေလည် သွားရင်
ဝန်ထမ်း တွေ အပါအဝင် အဲဒီ့ ကုန်တင် သင်္ဘော ကို ပြန်လွှတ် ပေးမယ် လို့ ပြောထား
ပါတယ်။
ဟိုမူးဇ် ကမ်းမြှောက် ရေလမ်း ကြောင်း ဟာ ပင်လယ် ရေကြောင်း သွားလာရေး မှာ မဟာဗျုဟာ မြောက် အရေးကြီးဆုံး ဆက်သွယ်ရေး လမ်းကြောင်း တွေထဲ က တစ်ခု ပဲ ဖြစ်ပါတယ်။

ဟိုမူးဇ် ကမ်းမြှောက် ရေလမ်း ကြောင်း ဟာ ပင်လယ် ရေကြောင်း သွားလာရေး မှာ မဟာဗျုဟာ မြောက် အရေးကြီးဆုံး ဆက်သွယ်ရေး လမ်းကြောင်း တွေထဲ က တစ်ခု ပဲ ဖြစ်ပါတယ်။



No comments:
Post a Comment