Monday, May 4, 2015

ဓာတုအဆိပ်အတောက်တွေ အပြည့်တင်ထားတဲ့ သင်္ဘောတစင်း နစ်မြုပ်


Costa Rica နိုင်ငံရဲ့ ပစိဖိတ်သမုဒ္ဒရာဘက်ခြမ်းက ကမ်းလွန်ပင်လယ်ပြင်မှာတော့ ဓာတုအဆိပ်အတောက်တွေ အပြည့်တင်ထားတဲ့ သင်္ဘောတစင်း နစ်မြုပ်ခဲ့တဲ့အတွက် ကမ်းရိုးတန်းတလျှောက် မိုင် ၆၀ ကျော် အကျယ်အ၀န်းကို အရေးပေါ် ဇုံဧရိယာအဖြစ် Costa Rica အာဏာပိုင်တွေက သတ်မှတ်လိုက်ပါတယ်။
ဓာတ်မြေသြဇာနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ammonium nitrate တန် ၂၀၀ ကျော်ကို တင်ဆောင်လာတဲ့ သင်္ဘောဟာ Puntarenas လို့ခေါ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ကမ်းခြေမြို့အနီး ပင်လယ်ပြင်မှာ လှိုင်းကြီးမိပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်



No comments: