စပိန်နိုင်ငံ မာယော့ ကာကျွန်းမှ ဗလင်စီယာမြို့သို့ ရောက်ရှိရန်
မြေထဲပင်လယ်ကို ဖြတ်သန်းလာသော The Sorrento ကူးတို့ သင်္ဘောပေါ်၌ မီးလောင်မှု
ဖြစ်ပွားခဲ့ပြီး လူ ၁၅၆ ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ကူးတို့
သင်္ဘောကုမ္ပဏီနှင့် စပိန်အစိုးရ အရာရှိများက ပြောသည်။
အီတလီကုမ္ပဏီ Atlantica di Navigazione ပိုင် The Sor-rento ကူးတို့သင်္ဘောသည် ဧပြီ ၂၈ ရက်နေ့လယ်တွင် မီးလောင် မှုဖြစ်ပွားပြီး ဘေးအန္တရာယ် ကျ ရောက်နေကြောင်း အချက်ပြခဲ့ သည်ဟု စပိန်အစိုးရက ပြော သည်။
ယင်းသင်္ဘောပေါ်၌ ခရီး သည်များနှင့် သင်္ဘောသားများ အပါအ၀င် လူ ၁၅၆ ဦး လိုက်ပါ လာခဲ့ကြောင်း၊ လူအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ မသိရသေးကြောင်း သင်္ဘောမောင်းနှင်ပြေး ဆွဲနေသည့် စပိန်ကုမ္ပဏီ Trans-mediterranea-Acciona က ပြောသည်။
အဆိုပါ ကူးတို့သင်္ဘော သည် ပယ်မာဒီမာယော့ကာမြို့မှ ထွက်ခွာသွားပြီးနောက် တစ်နာရီ ခန့်အကြာတွင် သင်္ဘောပေါ်မှ လူအားလုံးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု Acc-iona ကုမ္ပဏီက ပြောသည်။
သင်္ဘောကပ္ပတိန်သည် သင်္ဘောမှထွက်ခွာရန် အစောပိုင်း တွင် ဆန္ဒမရှိခဲ့သော်လည်း ခရီး သည်များနှင့် သင်္ဘောသားများ အားလုံးမှာ အသက်ကယ်လှေ များဖြင့် မီးလောင်နေသော သင်္ဘောပေါ်မှ ထွက်ခွာသွားသည်ဟု စပိန်အရာရှိများကဆိုသည်။
စပိန်နိုင်ငံ၏ ပင်လယ်ပြင် ကယ်ဆယ်ရေးအဖွဲ့သည် လှေ လေးစီးနှင့် ရဟတ်ယာဉ်တစ်စီး စေလွှတ်ပေးခဲ့ပြီး အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ကလည်း လှေနှစ် စီးနှင့် ရဟတ်ယာဉ်တစ်စီးတို့ စေ လွှတ်ပေးခဲ့သည်။
—Ref: Reuters

No comments:
Post a Comment