Sunday, May 24, 2015

မြန်မာရေလုပ်သားများမှမြန်မာသင်္ဘောသားများဆီသို့



ကျွန်အဖြစ်အသုံးချခံရသောမြန်မာရေလုပ်သားများနှင့်ဆက်စပ်သော
သတင်းများကိုသတင်းမီဒီယာများမှတဆင့်ကူးယူကာgroupsသို့
မျှဝေတင်ပြခြင်း၏တခုတည်းသောရည်ရွယ်ချက်မှာမြန်မာသင်္ဘောသား
များ(အထူးသဖြင့်လူသစ်များ)အလုပ်အကိုင်ရှားပါးမှုအခြေအနေကိုအခွင့်ကောင်းယူကာ၊မသမာ
သောနည်းမျိုးစုံသုံးကာရှာဖွေစားသောက်သောလူတစု၊လိုင်းတချို့၏
မက်လုံးများကိုရှောင်ရှားနိုင်စေရန်သာဖြစ်ပါသည်။
ဒီနေရာမှာရေလုပ်သားများသည်သင်္ဘောသားများမဟုတ်ဟုစောဒကတက်
စရာရှိနေပါသည်။
ဒီကျွန်ပြုခံရေလုပ်သားများထဲတွင်CDCကိုင်သင်္ဘောသားများမပါဝင်ဘူး၊
ပါဝင်တယ်ဆိုတာမည့်သူတဦးတယောက်မျှအတတ်မပြောနိုင်ပါဘူး။
သေချာတာကတော့CDCအစစ်အမှန်ကိုင်သင်္ဘောသားအသစ်အတော်
များများမလေးရှားတွင်ဒုက္ခမျိုးစုံကြုံတွေ့ရခြင်း၊ထောင်၊အချုပ်ကျခြင်း၊
စသောအဖြစ်အပျက်များဖြစ်ခဲ့ကြသည်။တချို့ဆိုလျှင်အသက်ပါဆုံးရှုံး
ခဲ့ကြရသည်။ခုအချိန်အထိလည်းဒီအဖြစ်ဆိုးတွေရှိနေဆဲပါ။
လူဟောင်းများလည်းအလိမ်ညာမခံရဘူးမထင်ပါနဲ့။တဦးနှင့်တဦး
ပုံစံမတူတာဘဲရှိမယ်၊အလိမ်ခံရဖူးသောလူဟောင်းများလည်းဒုနဲ့ဒေး
အဲဒါတွေအားလုံးရဲ့လက်သည်တရားခံကတော့အလုပ်အကိုင်ရှားပါးမှု
ပါဘဲ။တချို့ကိစ္စတွေမှာမိမိတို့ကိုယ်တိုင်သာမကြုံဖူးပေမဲ့မိမိတို့ရဲ့
ပတ်ဝန်းကျင်မှာမိမိတို့မသိသောလူများဒီလိုအဖြစ်ဆိုးများကြုံတွေ့ခဲ့
သည်ကိုလက်ခံပြီးမြန်မြန်အလုပ်ရ၊မြန်မြန်ထွက်ရရင်ပြီးတာဘဲဆိုတဲ့
စိတ်မထားဘဲဆင်ခြင်တွက်ဆချင့်ချိန်ကြစေချင်ပါသည်။
   လိုင်းတခုကနေသင်္ဘောတက်ဖို့ဖြစ်လာခဲ့ရင်ဘယ်လိုသင်္ဘောမျိုးလဲ၊
ဘယ်မှာတက်ရမှာလဲ၊ဘယ်တော့လဲ၊………………….အသေးစိတ်မေးပါ
ဒီလိုမေးလို့လိုင်းကစိတ်ခုသွားမှာလား၊ကိုယ့်ကိုခေါက်မှာလား…..စတဲ့သို့
လော၊သို့လောစိတ်ထဲမဖြစ်ပါနဲ့၊မေးသင့်မေးထိုက်တာတွေကိုအသေး
စိတ်မေးစေချင်ပါတယ်။မူမှန်တဲ့လိုင်းတွေကအသေးစိတ်ပြောပြပါလိမ့်
မယ်။လက်ခံရရှိတဲ့အလုပ်အခြေအနေကိုနောင်တချိန်လုပ်ဖော်ကိုင်
ဖြစ်လာမဲ့သူငယ်ချင်းများ၊အတွေ့အကြုံရှိသောသူများအားအမှန်အတိုင်း
ဖွင့်ဟတိုင်ပင်ပါ။
သင်္ဘောသားအရေးကိစ္စများကူညီဖြေရှင်းပေးနေသောအဖွဲ့အစည်းများ
တွင်လည်းအသင်းဝင်ထားသည်ဖြစ်စေ၊မ၀င်ထားသည်ဖြစ်စေမိမိသိချင်
သောအကြောင်းအရာများကိုမေးမြန်းတိုင်ပင်နိုင်ပါသည်။
ဒီနေရာမှာကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုထိရောက်သည်
ဆိုတဲ့စကားကိုပြောချင်ပါသည်။
မသမာသောနည်းမျိုးစုံသုံးကာရှာဖွေစားသောက်သောလူတစု၊
လိုင်းတချို့ကိုလည်းဒီနေရာမှာမေတ္တာရပ်ခံချင်တာကတော့
သမ္မအာဇီဝကျကျလုပ်ကိုင်စားသောက်နေသောသင်္ဘောသားများကို
လူလူချင်းကိုယ်ချင်းစာတဲ့စိတ်ထားဖို့နှင့်မကြာသေးမှီကဖြစ်ပွားခဲ့သော
လက်ပြန်ကြိုးတုပ်လျက်ဖြင့်အသတ်ခံရပြီးအင်းတကော်ကားလမ်းမဘေး
စွန့်ပစ်ခံရသောလူများအားနမူနာယူစေချင်ပါသည်။ကောင်းတာတွေလုပ်
ဖို့ရာဘယ်သောအခါမှအချိန်မနှောင်းပါ။
*သင်္ဘောသားအသိုင်းဝိုင်းနဲ့မနီးစပ်သောလူသစ်သင်္ဘောသားများကိုသာရည်ရွယ်ပါသည်။*
#ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပါဘူး#

No comments: