Sunday, May 10, 2015

ခေတ်သစ်ကျွန်ပြုခံရသူတစ်ဦးနှင့် တွေ့ဆုံခြင်း

AP သတင်းဌာန၏ ဖော် ထုတ်ရေးသားမှုကြောင့် အင်ဒိုနီး ရှားနိုင်ငံ ဘန်ဂျီးနားကျွန်း၊ တူရယ်ကျွန်း၊ အင်ဘွန်းကျွန်းနှင့် ဘိုဒို ကျွန်းများပေါ်တွင် ကျွန်ပြုခံရ သည့် မြန်မာရေလုပ်သား ၅၀၀ ကျော်အပါအ၀င် ထိုင်း၊ ကမ္ဘော ဒီးယား၊ လာအိုနိုင်ငံတို့မှ ရေလုပ် သားများအား ဧပြီအတွင်းက ကယ်တင်နိုင်ခဲ့သည်။ ထိုသို့ ကယ်တင်ခံရခြင်းမှာ မြန်မာရေ လုပ်သားရှစ်ဦးက AP သတင်း ဌာနသို့ ၎င်းတို့၏ အခက်အခဲများ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ AP သတင်းဌာနထံသို့ ဆက်သွယ် သတင်းပေးပို့ခဲ့သော မြန်မာရေ လုပ်သားရှစ်ဦးအပါအ၀င် ၁၅ ဦး သည် မေလ ၉ ရက်က ပထမဆုံး အသုတ်အနေဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ကျွန်ပြုခံ ရေလုပ်သားများအား ကယ်တင် နိုင်ရန် AP သတင်းဌာနထံ ဆက် သွယ်ပေးပို့ခဲ့သော ရေလုပ်သား ရှစ်ဦးအနက် အသက်(၃၂) နှစ်အ ရွယ် ကိုမောင်စိုးနှင့် 7Day Daily က တွေ့ဆုံမေးမြန်းခဲ့မှုအနက်မှာ အချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

အစ်ကို့နာမည်နဲ့ ဇာတိက။
ကျွန်တော့် နာမည်က မောင်စိုးပါ။ အသက်က (၃၂)နှစ် ရှိပါပြီ။ အရင်ဇာတိကတော့ မြင်းခြံမြို့နယ်၊ တောင်သာနယ် ဘက်ကပါ။ အခုလောလောဆယ် နေမှာကတော့ ရွှေပေါက်ကံမှာ နေမှာပါ။
အင်ဒိုနီးရှားနိုင်ငံက ကျွန်း ပေါ်က ဘယ်လိုရောက်သွားတာ လဲ။ ဘယ်ကျွန်းပေါ်ကို ရောက် သွားတာလဲဗျ။
ရှမ်းပြည်မှာ လုပ်နေရင်းနဲ့ ပွဲစားတစ်ဦးနဲ့ တွေ့သွားတာ။ ရောင်းစားခံလိုက်ရတာပေါ့။ သိသိချည်းနဲ့ လိုက်မိသွားတာ။ ငါးဖမ်းလှေပေါ်မှာ လုပ်နေရင်းနဲ့ ဘန်ဂျီးနားကျွန်းပေါ်ကို ရောက် သွားတာ။ ၂၀၁၃ ခုနှစ်ကပေါ့။
ကျွန်တော်တို့ ကြားသိရတာ တော့ အစ်ကိုတို့ကို အလုပ်ပိုင်ရှင် တွေက ဖမ်းဆီးထိန်းသိမ်းထား တယ်လို့ သိရပါတယ်။ အစ်ကိုတို့ ကျွန်းပေါ်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ ပြောပြပါလား။
ချုပ်ထားတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်းက သေးသေးလေးလေ။ ဟိုဘက် ကမ်း၊ ဒီဘက်ကမ်းသွားလည်း ဆယ့်ငါးမိနစ်လောက်ဆို ရောက်သွားပြီ။ အဲဒီကျွန်းမှာပဲ နေတယ်။ လှေပေါ်မှာပဲ အိပ်တယ်။ စားတယ်။ ငါးတွေဘာတွေ အလုပ် လုပ်လို့ ပြီးသွားပြီဆိုရင် ပင် လယ်ကို ပြန်ထွက်သွားတယ်။ တစ်ခါထွက်ရင် လေးလ၊ ငါးလကြာတယ်။ ပြီးရင် နောက်တစ် ခေါက် ပြန်ထွက်သွားရတယ်။ ငါးဖမ်းလှေမှာပဲ အလုပ်လုပ်ရ တာပေါ့။ လုပ်အားခရတဲ့အခါ လည်း ရှိသလို မရတဲ့အခါလည်း ရှိတာပေါ့။ ကိုယ့်ချွေးနဲ့ သွေးနဲ့ လုပ်လို့ရတဲ့ ပိုက်ဆံကိုမရတော့ လူတွေက ပြန်ချင်နေကြတာ ပေါ့။ ကြမ်းကြမ်းတမ်းတမ်းတွေ အကုန်လုပ်ရတယ်။ ငါးဖမ်းရတယ်။ ကိုယ့်ကိုယ်ကိုယ် တောင် သေကြောင်းကြံစည်တဲ့သူတွေ ရှိတယ်။ ကျွန်တော်တော့ မပါဘူး ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ သူတွေနဲ့ ဒုက္ခရောက်လို့ သေတဲ့သူတွေ ရှိတယ်။
အဲဒီလို သတ်သေတဲ့ မြန်မာ လုပ်သားနဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခ ရောက်လို့ သေတဲ့သူတွေ ဘယ် နှယောက်လောက် အစ်ကိုတွေ့ ခဲ့သလဲဗျ။
အဲဒါတော့  ပြောပြလို့ မတတ်ဘူး။ သေတဲ့သူကများ တော့ ဘယ်နှယောက်မှန်း မသိ တော့ဘူး။ ဘယ်လိုပြောမလဲ နည်းတော့ မနည်းဘူးပေါ့။
အစ်ကိုတို့ AP သတင်းဌာနနဲ့ကော ဘယ်လိုဆက်သွယ်မိ သွားလဲ။ ဘယ်အချိန်က တွေ့ခဲ့ကြတာလဲ။
ကျွန်တော်တို့က မသိဘူး ပေါ့နော်။ သူတို့က ဒီကျွန်းမှာ ဒီလိုမျိုး လုပ်သားတွေ ရှိနေတယ် ဆိုပြီး လာတာပေါ့။ လာရင်းနဲ့ ကျွန်တော်တို့နဲ့ တွေ့သွားတာ။ ကျွန်တော်တို့ လုပ်အားခတွေ လည်း မရကြဘူးပေါ့နော်။ အဲဒါ နဲ့ အကုန်ပြောပြလိုက်တာပေါ့။ ကျွန်တော်တို့ အဖွဲ့ရှစ်ယောက် အဖွဲ့က ပြောပြလိုက်တာပေါ့။ ပြောပြပြီးတော့ မင်းတို့ခဏစောင့်။ မကြာဘူး ပြန်ရမှာပေါ့လို့ ပြော သွားတယ်။ ၂၀၁၄ မှာ တွေ့ခဲ့ ကြတာပါ။
AP သတင်းဌာနကို ပြောပြ ဖို့ အချိန်ဘယ်လောက်ကြာကြာ ပြောပြခဲ့သလဲဗျ။ ပြောပြပြီးလို့ဘယ်လောက်အကြာမှာ ကယ်တင်တဲ့ အဖွဲ့တွေ ရောက်လာကြလဲ။
သိပ်တော့ မကြာဘူး။ ၁၅ ရက်လောက်ပဲ ကြာတယ်။ ပြော ပြပြီးလို့ လေးလ၊ ငါးလလောက် အကြာမှာ ထူးခြားလာတယ်ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ကို ခေါ်တယ်။
အစ်ကို့တို့ ကျွန်းအပြင်ဘက် ကို ရောက်ဖို့ ဘယ်အဖွဲ့အစည်း ကနေ စပြီး ကယ်တင်ခဲ့တာလဲ။
အဖွဲ့ကတော့ များတယ်။ နှစ်ဖွဲ့၊ သုံးဖွဲ့လောက် ရောက်လာ ကြတယ်။ အတိအကျ မပြော တတ်ဘူး။ အခုကျွန်တော်တို့ကို အင်္ကျီပေးလိုက်တဲ့ IOM အဖွဲ့ လည်း ရောက်လာပါတယ်။ မြန်မာဘက်က ရဲအရာရှိတွေ လည်း နှစ်ခေါက်လောက် ရောက် လာပါတယ်။
ဘန်ဂျီးနား ကျွန်းပေါ်မှာ ဘယ်နှယောက် အလုပ်လုပ်ခဲ့ရသလဲ။ အခုပြန်လာတော့ လုပ်အားခ ဘယ်လောက်ပြန်ပါလာ သလဲ။
အလုပ်က ၂ နှစ်လောက် လုပ်ခဲ့ရတာပေါ့။ လစာက မြန်မာ ငွေ သုံးသိန်းလောက်ရမယ်ဆိုရင် တစ်သိန်းလောက်ပဲ ရတာပေါ့။ အခုတစ်ပြားမှ ပါမလာဘူး။
အစ်ကိုကော ဘာပြောချင် ပါသလဲ။
AP သတင်းဌာနကို ပြောပြ လိုက်တာ မှန်သွားတယ်လို့ ပြော ရမယ်။ ဆုံးဖြတ်ချက် မှန်သွား တာပေါ့။ အဲဒီလို ပြောလိုက်လို့ လည်း ကျွန်းပေါ်က လုပ်သားတွေ ပြန်လာခွင့်ရတာပဲလေ။
  ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
 

No comments:

Post a Comment