အင်ဒိုနီးရှားနိုင်ငံ ကျွန်း များပေါ်တွင် ထိန်းသိမ်းခံထားရ သော
မြန်မာရေလုပ်သား ၅၀၀ ကျော်အား မေလ ၁၅ ရက်အ တွင်း ပြန်လည်ခေါ်ဆောင်ရန်
သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှား ခရီးစဉ်၌ စီစဉ်ညွှန်ကြားခဲ့ ကြောင်း
မြန်မာရေလုပ်သားများ အား နိုင်ငံသားစိစစ်ရေးများ သွား ရောက်ဆောင်ရွက်ခဲ့သော
မြန်မာ နိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ
ဒုရဲမှူးကြီးခင်မောင်လှကပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနား
ကျွန်း၊ တူရယ်ကျွန်း၊ အင်ဘွန်း ကျွန်းနှင့် ဘိုဒိုကျွန်းများပေါ်တွင်
ထိန်းသိမ်းခံထားရသော မြန်မာ ရေလုပ်သား ၅၃၅ ဦးအား ပြန် လည်ခေါ်ဆောင်ရန်
သမ္မတဦး သိန်းစိန်က ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်သော
အာရှ-အာဖရိက ညီလာခံအစည်းအဝေးသို့ သွားရောက်စဉ်
အင်ဒိုနီးရှားနိုင်ငံအခြေစိုက် ၊ အပြည်ပြည်ဆိုင်ရာရွှေပြောင်းအလုပ်သမားများ
အဖွဲ့ချုပ်(IOM) နှင့် မြန်မာသံရုံးတို့ကို ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း
ဒုရဲမှူးကြီး ခင် မောင်လှကပြောသည်။
အင်ဒိုနီးရှားအာဏာပိုင်များ နှင့်
IOM တို့က ကျွန်းများပေါ် ရောက်ရှိနေသော မြန်မာရေလုပ် သားများအား
အင်ဒိုနီးရှားနိုင်ငံ အန်ဖုံမြို့သို့
ပို့ဆောင်ပေးရန်ဖြစ်ပြီးအန်ဖုံမြို့သို့ရောက်ရှိလာသော
မြန်မာရေလုပ်သားများအားမြန်မာအစိုးရက လေယာဉ်ဖြင့်
သွားရောက်ခေါ်ဆောင်မည့်အစီအစဉ်ဖြစ်သည်။ ကျွန်းများ
ပေါ်မှတစ်ဆင့်အန်ဖုံမြို့သို့ ပို့ဆောင်မည့်ခရီးစရိတ်ကို IOM က
အကုန်အကျခံမည်ဖြစ်ကြောင်း ဒုရဲမှူးကြီးခင်မောင်လှက ပြောသည်။
မြန်မာရေလုပ်သားများအား မေလ ၁၀ ရက်မှ ၁၅ ရက် အတွင်းလေယာဉ်ဖြင့်
နှစ်ကြိမ်သွားရောက်ခေါ်ဆောင်မည်ဖြစ်ပြီး ကျန်ရှိသောသူများအားမေလ ၁၈ ရက်မှ ၂၂
ရက်အတွင်း ခေါ်ဆောင်ရန် စီစဉ်မှုများပြုလုပ်ထားကြောင်း မေလ ၃ ရက်တွင်
အင်ဒိုနီးရှားနိုင်ငံကျွန်းများပေါ်ရှိ မြန်မာရေလုပ်သားများအားစိစစ်ပြီး
ပြန်ရောက်ရှိလာသော ဒုရဲမှူးကြီး ခင်မောင်လှကပြောသည်။
‘‘ကျွန်တော်တို့အဖွဲ့က မြန် မာရေလုပ်သားတွေရှိတဲ့ ကျွန်း တွေပေါ်ကိုသွားပြီး
စိစစ်မေးမြန်း တယ်။ မြန်မာတွေရှိလား။ ရှိရင် အကုန်လာပြီးပြောပြပါ။ အကုန်
လုံးပြန်ခေါ်မယ်လို့ပြောပြီး သွား တွေ့တာပါ။ အင်ဒိုနီးရှားက လည်း
ဒီမြန်မာရေလုပ်သားတွေ ကို မခေါ်သေးဘူးလား မေးနေ တာ။ သူတို့ကလည်း မထားချင်
တော့ဘူးပေါ့။ သမ္မတကြီး ခရီး စဉ်လာတော့ အကုန်လုံးပြန်ခေါ် မယ်လို့
ပြောသွားတာပေါ့။မြန်မာ တွေအားလုံးကိုလည်း နိုင်ငံသား စိစစ်မှုတွေ
လုပ်ပေးခဲ့ပါပြီ။အား လုံးကလည်း ကိုယ့်နိုင်ငံသားတွေ ပါပဲ’’ဟု ဒုရဲမှူးကြီးက
ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနား ကျွန်း၊ အင်ဘွန်းကျွန်း၊
တူရယ် ကျွန်းနှင့် ဘိုဒိုကျွန်းများပေါ်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာ
ရေလုပ်သားများအား စစ်ဆေး ခေါ်ဆောင်ရန် လူကုန်ကူးမှု တား
ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး ကြီး ခင်မောင်လှဦးစီးသော မြန်
မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့
သွားရောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်းများပေါ်တွင် နေထိုင်နေသော
မြန်မာရေလုပ်သားများ အနက် သုံးဦးသာ ပြန်လာရန်ငြင်းဆိုထားကြောင်း
ဒုရဲမှူးကြီးကပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အ တွင်း AP သတင်းဌာနက
အင်ဒို နီးရှားရှိ ဝေးလံခေါင်သီသော ကျွန်းတစ်ခုတွင် ငါးဖမ်းလုပ်ငန်း အတွက်
လူအများကို ကျွန်ပြုခိုင်း စေမှုများရှိနေကြောင်း ထုတ်ဖော် ရေးသားခဲ့သည်။
၎င်းတို့ကို ထိုင်း ငါးဖမ်းသင်္ဘောများပေါ်တွင် ပြင်း ပြင်းထန်ထန်
အဓမ္မခိုင်းစေခြင်း ဖြစ်ကြောင်း AP က ဓာတ်ပုံများ ဖြင့်ဖော်ပြခဲ့သည်။ အဆိုပါ
သ တင်းပျံ့နှံ့လာပြီးနောက် အတင်း အဓမ္မခိုင်းစေခံနေရသည့် ကျွန်
လုပ်သားများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အင်ဒိုနီးရှားတွင် ခေတ်သစ်ကျွန်ကဲ့သို့ စေခိုင်းခံခဲ့ရသည့်
မြန်မာရေလုပ်သားများကို တာဝန်ရှိသူများက ရှာဖွေခေါ်ဆောင်လာစဉ်(DITA
ALANGKARA/AP)
7Day Daily

No comments:
Post a Comment