ဘဝက ရွက်ကုန်ဖွင့် လွှင့်ထားတဲ့သင်္ဘေဘာတစ်စင်းလို
ပေါ့။ တစ်ချို့လေက ရွက်တိုင်ကိုပံ့ပို့ပေးပြီး ကျွန်တော်
တို့သွားလိုရာကို တွန်းအားပေးတယ်။ တစ်ချို့လေတွေ
က ရွက်တိုင်တွေကိုဖျက်စီးပစ်ြ ပီး ကျွန်တော်တို့ကို လမ်း
ပျောက်စေတယ်။ တစ်ချို့ရေစီးကြောင်းက ကျွန်တော်
တို့ လိုရာကို အားကူတွဲခေါ်ပေးတယ်။ တစ်ချို့ရေစီး
ကြောင်းက ကျွန်တော်တို့ဘဝတွေကို နှစ်မြုပ်ပစ်ကြ
တယ်။
ကျွန်တော်တို့ကြုံတွေ့နေရတဲ့  ဘဝလမ်းပေါ်က ခရီး
ဖော်လူသားတွေကလည်း လက်တွဲခေါ်မယ့်သူရှိသလို၊
လမ်းရှုတ်လို့ ဘေးတွန်းချမယ့်သူတွေလည်းရှိ တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပဲ့ကိုင်ရှင်ဖြစ်တဲ့မိမိဟာ ရွက်မရှိတက်
နဲ့လှော်၊ လှေမရှိ လက်ပစ်ကူးနိုင်တဲ့ ဇွဲသတ္တိမျိုးမွေးထား
ရလိမ့်မယ်။ ဒါဆိုရင် ကိုယ့်ရဲ့ပန်းတိုင်ဟာ မပျောက်ဘဲ
ရောက်သွားပါလိမ့်မယ်။
ဘဝစာမျက်နှာ

No comments:
Post a Comment