ပေကျင်း၊ မေ-၂၀ ။ ။ တရုတ် ကုမ္ပဏီများမှာ အနောက် အာဖရိက ကမ်းရိုးတန်း ကမ်းလွန်တွင် တရားမ၀င် ငါးဖမ်းနေကြပြီး၊ မကြာခဏဆိုသလို မက္ကဆီကို လိုဝေးကွာ သည့်နေရာများတွင် ရောက်ရှိနေသယောင် အထင်ရောက်စေသည့် နေရာအချက်အလက်အမှားများကိုလည်း ပေးပို့တတ်ကြသည်ဟု သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားမှုအုပ်စု တစ်ခုဖြစ်သည့် Greenpeace က ဗုဒ္ဓဟူးနေ့က လေ့လာချက် တစ်ခုတွင်ပြော ကြားခဲ့သည်။
အာဖရိကတွင် ငါးဖမ်းနေသည့် တရုတ်အလံတင် (သို့မဟုတ်)တရုတ်ပိုင် ငါးဖမ်းသင်္ဘောအရေအတွက်မှာ မကြာသေးမီး ဆယ်စုနှစ်များအတွင်း တဟုန်ထိုးမြင့် တက်လာခဲ့ရာ ၁၉၈၅ခုနှစ်တွင် ၁၃စင်းသာ ရှိခဲ့ရာမှ ၂၀၁၃ခုနှစ်တွင် ၄၆၂စင်းအထိ ရှိလာခဲ့သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်အရေး ရပ်ခံကာ ကွယ် သည့် အဆိုပါအုပ်စုက ပြောကြားခဲ့သည်။
ဂမ်ဘီယာ၊ ဂီနီ၊ ဂီနီဘစ်ဆူး၊ မော်ရီတေးနီးယား၊ ဆီနီဂေါနှင့် ဆီရာရာလီရုန်း
ကမ်းလွန်ရေပြင်များတွင် ၈နှစ်တာကာလအတွင်း တရုတ်ငါးဖမ်းသင်္ဘောများ၏
တရားမ၀င်ငါးဖမ်းမှုပေါင်း ၁၁၄မှုကို တွေ့ရှိခဲ့ရပြီး ထိုသင်္ဘောများမှာ
အဓိကအားဖြင့် ခွင့်ပြုချက်လိုင်စင်မရှိဘဲ (သို့မဟုတ်)တားမြစ်ထားသည့်
ဧရိယာတွင် ငါးဖမ်းနေကြခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းတို့အနက် တရားမ၀င်ငါးဖမ်းမှု ၆၀တွင် ဝေးလှမ်းသော ပင်လယ်ပြင်များထဲတွင် ငါးဖမ်းမှုဖြင့် တရားစွဲဆိုခံထားရသော တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသား ငါးလုပ်ငန်း ကော်ပိုရေးရှင်း၏ သင်္ဘောများလည်း ပါဝင်နေသည်ဟု ဆိုသည်။ ''တရုတ်အစိုးရက သူ့ပိုင်နက်ရေပြင်ထဲမှာ ပျက်စီးဆုံးရှုံးမှု များပြားတဲ့ ငါးဖမ်း နည်းတွေကို ပပျောက်အောင် လုပ်ဆောင်နေချိန်မှာ အာဖရိကမှာတော့ ပြောင်းပြန်ကျင့်သုံးနေသလိုဖြစ်နေပါတယ်''ဟု အာဖရိက Greenpeace သမုဒ္ဒရာ ထိန်းသိမ်းရေးလှုပ်ရှားသူ အာမတ် ဒီယမ်က ပြောကြားခဲ့သည်။
ယမန်နှစ်က တစ်လအတွင်းတွင် တရုတ်အလံတင် (သို့မဟုတ်) တရုတ်ပိုင် သင်္ဘော ၁၂စင်း၏ တရားမ၀င်ငါးဖမ်းမှု ၁၆မှုကို Greenpeace သင်္ဘောတစ်စင်း ကတွေ့ရှိခဲ့သည်ဟု အဆိုပါအုပ်စုက ပြောကြားခဲ့သည်။
Greenpeace တွေ့ရှိခဲ့သည် သင်္ဘောတစ်ချို့မှာ မက္ကဆီကိုရေပြင် (သို့မဟုတ်) ကမ်းပေါ်သို့ ရောက်ရှိနေသယောင် အချက်အလက်အမှားများ ပေးပို့သည့် မှားယွင်းသော အလိုလျောက်နေရာပြစနစ်များကိုလည်း တပ်ဆင်ထားကြသည်ဟု ဆိုသည်။ တားမြစ်ရေပြင်တွင် ငါးဖမ်းနေသည်ကို မသိရှိနိုင်စေရန်နှင့် ကုမ္ပဏီများအနေဖြင့် လိုင်စင်ကြေးများကို ရှောင်ရှားနိုင်ရန်အတွက် ထိုစနစ်ကို အသုံးပြုခြင်းဖြစ်သည်ဟုလည်း Greenpeaceက ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်သင်္ဘောများမှာ ဒေသတွင်းတံငါများနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးပျက်စီးကြောင်းအဖြစ် ဒေသတွင်း အာဖရိကအစိုးရများ၏ အင်အား ချိနဲ့သော ဥပဒေစိုးမိုးရေးနှင့် ကြီးကြပ်မှုကို အခွင့်ကောင်းယူ၍ ငါးများကို စည်းကမ်းမဲ့စွာ ဖမ်းနေကြသည်ဟုလည်း Greenpeace ၏ အရှေ့အာရှအကြီးအကဲ ရာရှစ် ကန်းက ပြောကြားခဲ့သည်။

No comments:
Post a Comment