၂ဝ၁ဝ
မနီလာ အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချပြီး ထွက်ပေါ်လာခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ
သင်္ဘောသားနေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာလည်း ဇွန် ၂၅ရက်က မြန်မာ့ပင်လယ်ရေကြောင်း
အလုပ်သမားများအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ စာချုပ်တစ်ခုကို
လက်မှတ်ထိုးဖို့ သူတို့တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ
သင်္ဘောသားအဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်ပြီး အစိုးရအနေနဲ့လည်း
အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုမ္ပဏီများဆိုင်ရာစာချုပ်တွေနဲ့ MLC 2006ကို
လက်မှတ်ထိုးပေးမှသာ မြန်မာသင်္ဘောသားအလုပ်သမားတွေအတွ က် အကျိုးရှိမယ်လို့
Captain ဦးကျော်မြဦးက ပြောပါတယ်။
မိသားစုနဲ့ ခွဲခွာပြီး အလုပ်လုပ်ရတဲ့
သင်္ဘောသားတွေဟာ အခွင့်အရေးတွေ ဆုံးရှုံးနေပြီး ဒီလိုဆုံးရှုံးမှုတွေကို တတ်နိုင်သမျှနည်းအောင်
လျှော့ချရမှာဖြစ်သလို အသိပညာပေးမှုတွေလည်း လုပ်သွားမယ်လို့ မြန်မာ့ပင်လယ်ရေကြောင်း
အလုပ်သမားများအဖွဲ့ချုပ် (Myanmar Maritime Worker’s Federation) ရဲ့ ဥက္ကဌ
ဦးစောပယ်ရီဖူးညိုက ပြောပါတယ်။
သင်္ဘောသားတွေအတွက် ထိုက်သင့်တဲ့လစာ နဲ့
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို အကောင်းဆုံးအထိ မျှော်လင့်လို့မရပေမယ့်
အဆိုးဆုံးဖြစ်မသွားအောင် ကြိုးစားရမယ်လို့ ဆိုလာသူက ဦးရဲဝင်းထွန်းပါ။
သင်္ဘောသားတွေအတွက် အမိန့်၊ ဥပဒေထုတ်ပြန်ချက်နဲ့ လိုက်နာရမယ့်အချက်တွေ
အများကြီးထွက်လာပေမယ့် ပါဝင်ဆွေးနွေးခွင့်မရသေးဘဲ အထက်က ငါတို့ထုတ်ရင် လိုက်နာကွာဆိုတဲ့
အဆင့်သာရှိသေးတယ်လို့ ပြောပါတယ်။
No comments:
Post a Comment