Panamaအလံတင်သင်္ဘောM/V Tychy(RO RO type)သည်၂၄.၀၇.၂၀၁၅တွင်
Keratsini port in
Libyaတွင်ဂရိအကောက်ခွန်အဖွဲ့၏ဖမ်းဆီးခြင်း
ကိုခံခဲ့ရသည်။ဖမ်းဆီးရခြင်းအကြောင်းရင်းမှာ
Libyan, Khalid port
အတွက်တရားမ၀င်စစ်ဘက်သုံးသံချပ်ကာကား
Typhoon GSS-300၈စီး၊
Toyota Land Cruisers 5စီး၊ Mercedes
တစ်စီး၊BMW တစ်စီးနှင့်အခြား
အမည်မဖော်လိုသောမော်တော်ယာဉ်များသယ်ဆောင်လာခြင်းကြောင့်ဖြစ်သည်။
Libyaသို့စစ်ဘက်သုံးနှင့်လက်နက်ခဲယမ်းများတိုက်ရိုက်သော်၎င်း၊သွယ်ဝိုက်သောနည်းဖြင်း၎င်း
ရောင်းချခြင်း(သို့)ထောက်ပံ့ခြင်းမပြုရဟူသောကုလသမဂ္ဂ၏တားမြစ်ချက်1970/2011,အပိုဒ်ခွဲ၉ကို
ကိုဖောက်ဖျက်မှု ဖြစ်သည်။
M/V Tychyပိုင်ဆိုင်သောMaritime Operators
Incနှင့်ရောင်းဝယ်မှုကိုစီမံခန့်ခွဲသော
Reefer & General Ship
Managementတို့သည်GREECEတွင်အခြေစိုက်သည်။
M/V
Tychyဖမ်ဆီးခံရခြင်းမှာပထမအကြိမ်မဟုတ်ပေ၊ယခုနှစ်ဖေဖော်ဝါရီလကတရားမ၀င်
တားမြစ်ကုန်ပစ္စည်းများတင်ဆောင်ခြင်းကြောင့်အဖမ်းခံခဲ့ရဘူးသည်။- IMO: 8302284
- Name: TYCHY
- MMSI: 373897000
- Type: RO-RO CARGO
- Gross Tonnage: 15652
- Summer DWT: 8044 t
- Build: 1988
- Flag: PANAMA
အလားတူ၂၀၁၃တွင်မြောက်ကိုးရီးယားပိုင်M/V
Chong Chon Gangသည်တရားမ၀င်
စစ်လက်နက်များကိုကျူးဘားမှမြောက်ကိုရီးယားသို့တင်ဆောင်ခြင်းကိုပနားမား
အာဏာပိုင်များဖမ်းဆီးမိခဲ့သည်။
USAကမြောက်ကိုးရီးယားကိုစီးပွားရေးပိတ်ဆို့မှုပြုလုပ်သောအကြောင်းရင်းများထဲက
တစ်ချက်ဖြစ်သည်။ 


No comments:
Post a Comment