Thursday, April 23, 2015

အမေရိကန်ဒေါ်လာ ဗဟိုဘဏ်သတ်မှတ်နှုန်းထား မြင့်တက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဧပြီလ ၁၀ ရက်နေ့ (နှစ်သစ်ကူးမတိုင်မီ နောက်ဆုံး ရုံးဖွင့်ရက်) တွင် တစ်ဒေါ်လာလျှင် ၁၀၇၀ ကျပ် သတ်မှတ်ခဲ့ရာမှ ရုံးများ ပြန်လည်ဖွင့်လှစ်သည့် ဧပြီလ ၂၂ ရက်၌ ၁၀၇၅ ကျပ်သို့ တိုးမြှင့် သတ်မှတ်ခဲ့သည်။
ဗဟိုဘဏ်နှုန်းထား မြင့်တက်လာသော်လည်း တရားဝင် ငွေလဲကောင်တာများ၏ အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ သင်္ကြန်ကာလ မတိုင်မီပေါက်ဈေး ဖြစ်သည့် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၀၈၀ ကျပ်၊ ၁၀၈၂ ကျပ်ဝန်းကျင်ဖြင့် အသီးသီး ရောင်းချနေကြကြောင်း ငွေကြေးဈေးကွက် အတွင်း ဝယ်ရောင်း လုပ်ကိုင်ကြသူများက ပြောဆိုသည်။
ပြင်ပဈေးကွက်တွင်မူ ဧပြီလ ၂၂ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၀၈၀ နှင့် ရောင်းဈေး ၁၀၈၁ ကျပ်အထိ မြင့်တက်လာပြီး ပြည်တွင်းဘဏ်များတွင် ဝယ်ဈေး ၁၀၇၄ ဝန်းကျင်နှင့် ရောင်းဈေး ၁၀၈၀ ကျပ်ဝန်းကျင်ဖြင့် အသီးသီး ရောင်းချလျက်ရှိသည်။
 

No comments: