မြန်မာသင်္ဘောသားများ အနေဖြင့် ငါးဖမ်းသင်္ဘောများတွင်
အလုပ်လုပ်ကိုင်ခြင်းမပြုရန် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား
အလုပ်သမားများအဖွဲ့ချုပ်က အကြံပြုသည်။
ရုရှားငါးဖမ်းသင်္ဘောတိမ်း မှောက်မှုဖြစ်စဉ်တွင်ပါဝင်သော သင်္ဘောသားများ၊ သင်္ဘောသား မိသားစုများနှင့် စာနယ်ဇင်းများ တွေ့ဆုံရှင်းလင်းပွဲတွင် အဖွဲ့ချုပ် က ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။
‘‘သင်္ဘောသားတွေသင်္ဘော ပေါ်တက်ဖို့ စိတ်ကူးထားတယ်ဆို ရင် ကိုယ်တက်မယ့်သင်္ဘောက ဘာသင်္ဘောလဲဆိုတာ သေချာ စုံစမ်းရပါမယ်။ ငါးဖမ်းသင်္ဘော တွေဆိုရင် တက်ဖို့စိတ်မကူးသင့်တော့ပါဘူး’’ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ(၂) ဒေါက်တာရဲအောင်ကပြော သည်။
ရုရှားငါးဖမ်းသင်္ဘောတိမ်း မှောက်မှုတွင်ပါဝင်သော မြန်မာ သင်္ဘောသားများသည် ၎င်းတို့ စေလွှတ်သောကုမ္ပဏီများက ကိုရီးယားသင်္ဘောပေါ်သို့တက် ရမည်ဟုပြောဆိုစေလွှတ်လိုက် သော်လည်း သင်္ဘောပေါ်သို့ ရောက်ရှိသောအခါတွင်မှ ငါးဖမ်း သင်္ဘောဖြစ်နေကြောင်း သေဆုံး သွားသောသင်္ဘောသားမိသားစုများနှင့် အသက်ရှင်၍ပြန်ရောက်လာသော သင်္ဘောသားများက ပြောသည်။
သင်္ဘောသားလုပ်သားစေ လွှတ်လိုက်သော ကုမ္ပဏီများ သည် သင်္ဘောသားစေလွှတ်ရာတွင် အခြားသင်္ဘောအလုပ်များ လုပ်ရမည်ဟု ပြောဆိုစေလွှတ်လိုက်သော်လည်း သင်္ဘောပေါ် ရောက်ရှိချိန်တွင် ကုမ္ပဏီကပြောသည့် အလုပ်သင်္ဘောမဟုတ်ပါက ထိုအရာသည် လူကုန်ကူးမှု မြောက်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးမျိုးသိန်းကပြော သည်။
မြန်မာသင်္ဘောသား ၄၂ ဦး အလုပ်လုပ်နေသော ရုရှားငါးဖမ်း သင်္ဘောသည် ဧပြီ ၁ ရက်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာ သင်္ဘောသား ၁၆ ဦး သေဆုံးပြီး ၂၂ ဦး အသက်ရှင်ပြန်လွတ်မြောက်လာခဲ့သည်။ ပျောက်ဆုံးနေသော မြန်မာသင်္ဘောသားလေးဦးကို လည်း သေဆုံးစာရင်းတွင် ထည့်သွင်းရမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က ပြောသည်။
သေဆုံးသွားသည့် မြန်မာ သင်္ဘောသားများအတွက် လျော် ကြေးငွေများရရှိရန် ဧပြီ ၃၀ ရက် တွင် စတင်ဆွေးနွေးကြမည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ(၂)ဒေါက်တာ ရဲအောင်ကပြောသည်။

No comments:
Post a Comment