ရုရှားငါးဖမ်း သင်္ဘော နစ်မြုပ်မှုတွင် သေဆုံးခဲ့သော မြန်မာသင်္ဘောသား မိသားစုဝင်များ အနေဖြင့် သင်္ဘော လိုက်ခွင့်နှင့် ပတ်သက်သည့် စာရွက်စာတမ်း အထောက်အထား များကို ဧပြီ ၂၁ ရက်တွင် တင်ပြ ပေးအပ်နိုင် ကြောင်း မြန်မာ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ အထောက်အထားများ တောင်းခံခြင်းများအပြင် အသက် သေဆုံးခဲ့သော မြန်မာသင်္ဘောသား များ၏ မိသားစုဝင်များအား ခေါ်ယူတွေ့ဆုံမည်ဖြစ်ပြီး နစ်နာ ကြေးများ အပြည့်အဝရရှိစေ ရန် ဖြစ်ကြောင်း၊
တချို့မှာ သင်္ဘောသား အဖြစ် သက်ဆိုင်သော အထောက်အထားများအား ပေးသွားခြင်း မရှိသောကြောင့် ရေကြောင်း ဦးစီးဌာနနှင့် တိုင်ပင်ကာ ဆောင်ရွက်ရမည့် အပိုင်းများ ရှိကြောင်း၊ အထောက်အထားများ စုံလင်ပါက သင်္ဘောသား များနှင့် တိုက်ရိုက် တာဝန်ရှိသော ရေကြောင်း ဦးစီးဌာန၊ မြန်မာပင်လယ်ကူး သင်္ဘောသား များအဖွဲ့ချုပ်၊ အေဂျင်စီ အစရှိသည့် တာဝန် ရှိသူများနှင့် သုံးပွင့် ဆိုင် ဆွေးနွေးကာ နစ်နာကြေးများ၊ ရသင့်ရထိုက်သည် များကို ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် ရုရှားသင်္ဘောမှ အသက်ရှင် ကျန်ရစ်သူများအား အသုံးစရိတ် အနေဖြင့် အမေရိကန် ဒေါ်လာ ၃ဝဝဝ၊ သေဆုံးသူများအား အမေရိကန် ဒေါ်လာ ၁၅ဝဝဝ ပေးအပ်မည်ဖြစ်ပြီး သင်္ဘောကုမ္ပဏီ ဘက်မှလည်း ၎င်းတို့အတွက် စာချုပ်ပါ လျော်ကြေးများကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နစ်နာကြေးပေးရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အထောက် အထားများအား တောင်းခံမည်ဖြစ်ပြီး အချက်အလက် မစုံလင်မှုများကိုလည်း ကူညီ ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး
မြ၀တီ
ရုရှား ငါးဖမ်း သင်္ဘော နစ်မြုပ်မှုတွင် သေဆုံး မြန်မာ သင်္ဘောသား မိသားစု
ဝင်များ သင်္ဘော လိုက်ခွင့်အထောက် အထားများ ရုံးသို့ တင်ပြ ပေးအပ်ရမည်မြ၀တီ
ရုရှားငါးဖမ်း သင်္ဘော နစ်မြုပ်မှုတွင် သေဆုံးခဲ့သော မြန်မာသင်္ဘောသား မိသားစုဝင်များ အနေဖြင့် သင်္ဘော လိုက်ခွင့်နှင့် ပတ်သက်သည့် စာရွက်စာတမ်း အထောက်အထား များကို ဧပြီ ၂၁ ရက်တွင် တင်ပြ ပေးအပ်နိုင် ကြောင်း မြန်မာ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ အထောက်အထားများ တောင်းခံခြင်းများအပြင် အသက် သေဆုံးခဲ့သော မြန်မာသင်္ဘောသား များ၏ မိသားစုဝင်များအား ခေါ်ယူတွေ့ဆုံမည်ဖြစ်ပြီး နစ်နာ ကြေးများ အပြည့်အဝရရှိစေ ရန် ဖြစ်ကြောင်း၊
တချို့မှာ သင်္ဘောသား အဖြစ် သက်ဆိုင်သော အထောက်အထားများအား ပေးသွားခြင်း မရှိသောကြောင့် ရေကြောင်း ဦးစီးဌာနနှင့် တိုင်ပင်ကာ ဆောင်ရွက်ရမည့် အပိုင်းများ ရှိကြောင်း၊ အထောက်အထားများ စုံလင်ပါက သင်္ဘောသား များနှင့် တိုက်ရိုက် တာဝန်ရှိသော ရေကြောင်း ဦးစီးဌာန၊ မြန်မာပင်လယ်ကူး သင်္ဘောသား များအဖွဲ့ချုပ်၊ အေဂျင်စီ အစရှိသည့် တာဝန် ရှိသူများနှင့် သုံးပွင့် ဆိုင် ဆွေးနွေးကာ နစ်နာကြေးများ၊ ရသင့်ရထိုက်သည် များကို ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် ရုရှားသင်္ဘောမှ အသက်ရှင် ကျန်ရစ်သူများအား အသုံးစရိတ် အနေဖြင့် အမေရိကန် ဒေါ်လာ ၃ဝဝဝ၊ သေဆုံးသူများအား အမေရိကန် ဒေါ်လာ ၁၅ဝဝဝ ပေးအပ်မည်ဖြစ်ပြီး သင်္ဘောကုမ္ပဏီ ဘက်မှလည်း ၎င်းတို့အတွက် စာချုပ်ပါ လျော်ကြေးများကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နစ်နာကြေးပေးရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အထောက် အထားများအား တောင်းခံမည်ဖြစ်ပြီး အချက်အလက် မစုံလင်မှုများကိုလည်း ကူညီ ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး
မြ၀တီ

မြ၀တီ



No comments:
Post a Comment