Friday, May 29, 2015

ITFကသင်္ဘောသားများလစာမရရှိသောပြသာနာဖြေရှင်း


UKတွင်ITFသည်သင်္ဘောသားများလစာမရရှိသောပြသာနာဖြေရှင်းရန်အတွက်
SOUTH WALES ရှိNEW PORTတွင်ထိန်းသိမ်းခံထားရသော အီတလီအလံတင်ထားသောကုန်တင်သင်္ဘော
MV SUNFLOWER Eသို့ မေလ ၁၀ရက်တွင်ရောက်ရှိခဲ့ပါသည်။
ထိန်းသိမ်းခံရခြင်းအဓိကအကြောင်းရင်းကတော့သင်္ဘောပိုင်ရှင်အနေဖြင့်ကြွေးမြီများတင်ခြင်းကိစ္စကြောင့် ဟုသိရပါသည်။ကြွေးမြီတင်သောကိစ္စများ
အနက်သင်္ဘောသားများကို(၄)လနီးပါး၊လစာငွေမပေးသောကိစ္စလည်းပါဝင်သည်။သင်္ဘောသားများသည်Januaryလအထိသာလစာရရှိခဲ့ကြ
သည်။

သင်္ဘောပေါ်ရှိသင်္ဘောသား၁၃ဦးအတွက်သူတို့၏လစာငွေများရရှိရေးနှင့်အိမ်ပြန်နိုင်ရေးကို ITF inspector Darren Procterက
သင်္ဘေားသားများဘက်ကရပ်တည်ကူညီပေးခဲ့သည်ဟုသိရပါသည်။
သင်္ဘောသားအများစုမှာအင်ဒိုနီးရှားလူမျိုးများဖြစ်ပြီးဖိလစ်ပိုင်နှင့်ရိုမေးနီးယားလူမျိုးများလည်းပါဝင်သည်။
ITF inspector Darren Procterကသက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဆက်သွယ်ပြောကြားရာတွင်သင်္ဘောသားများ၏စိတ်ဒုက္ခရောက်စေမှု
များကိုအဆုံးသတ်ကြဖို့နှင့်သင်္ဘောcompanyများအလားတူပြသာနာများဆက်ဖြစ်နေခြင်းသည်သင်္ဘောသားအားလုံးနှင့်သူတို့မိသားစုဝင်များ
၏စိတ်ကိုပြင်းထန်စွာထိခိုက်နာကျင်စေသည်ဟုတင်ပြခဲ့ပါသည်။
သင်္ဘောသားများသူတို့၏လစာငွေများလက်ခံရရှိပြီးသောကများပြေပျောက်ကာသူတို့မိသားစုထံသို့အေးချမ်းစွာပြန်နိုင်တဲ့အချိန်အထိတိုင်အောင်
သင်္ဘောသားများဘက်ကမဆုတ်မတွန့်ရပ်တည်သွားမည်။ဟုလည်း ITF inspector Darren Procterကထပ်လောင်းအဆိုပြုခဲ့ပါသည်။

 လစာပြသာနာ?
$$$$$$$$$$$
*လစာအပြည့်အ၀ရရှိမှုတွင်ပြသာနာရှိနေပါသလား?
*မိမိရဲ့companyကစီးပွားရေးကျပ်တည်းဒုက္ခရောက်နေတဲ့လက္ခဏာများပြနေတဲ့အတွက်
စိတ်ပျက်စရာဖြစ်နေလျှင်မိမိနှင့်သက်ဆိုင်သောအဖွဲ့အစည်း(သို့)ITFကိုတိုက်ရိုက်ဆက်သွယ်ခြင်း
ဖြင့်မိမိရဲ့လစာနှင့်အလုပ်သမားဌားရမ်းမှုကိုပါတပြိုင်တည်းကာကွယ်ရာရောက်ပါသည်။

 

28 May 2015




No comments: