Tuesday, June 2, 2015

ယန်စီမြစ်တွင်းလူ ၄၅ဝ ကျော် တင်လာတဲ့ Eastern Star ခရီးသွား သင်္ဘော နစ်မြုပ်



ယန်စီမြစ်တွင်း သင်္ဘောနစ်မြုပ်ပြီး လူပေါင်းရာကျော် ပျောက်ဆုံး
တရုတ်ပြည် တောင်ပိုင်း Hubei ပြည်နယ် ယန်စီ မြစ်ပေါ်မှာ လူ ၄၅ဝ ကျော် တင်လာတဲ့ Eastern Star ခရီးသွား သင်္ဘော မှောက်ပြီး နစ်မြုပ်ခဲ့တဲ့အတွက် ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပါတယ်။
ခုထိ သင်္ဘော ကပ္ပတိန်နဲ့ စက်ခန်း အင်ဂျင်နီယာ အပါအဝင် လူ ၁၃ ဦးလောက်ကိုပဲ ကယ်ဆယ် နိုင်သေးပြီး လူ ၅ ဦးသေဆုံးကာ လူပေါင်းရာကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ Xinhua. သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသင်္ဘောဟာ နန်ကျင်းမြို့ကနေ ချုန်ကျင်းကို သွားတဲ့ သင်္ဘော ဖြစ်ပြီး မုန်တိုင်းမိပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
သင်္ဘောနစ်မြှပ်ရာနေရာဟာ ရေအနက် ပေ ၅၀ ရှိပြီး မိုးသည်းထန်ကာ လှိုင်းလေပြင်းထန်တဲ့အတွက် ကယ်ဆယ်ရေးတွေ နှောင့်နှေးနေပါတယ်။
သင်္ဘောပေါ်မှာ ခရီးသည် ၄၀၅ ဦး၊ ခရီးသွား အေဂျင်စီ ၀န်ထမ်း ၅ ဦးနဲ့ သင်္ဘောအမှုထမ်း ၄၇ ဦးပါရှိတယ်လို့ သိရပါတယ်။ ခရီးသည်တွေအနက် အသက်၅၀ မှ ၈၀ ကြား အရွယ်ခရီးသည်တွေအများအပြားပါဝင်ပါတယ်။ သင်္ဘောနစ်မြှုပ်စဉ် ခရီးသည်အများအပြားက အိပ်ပျော်နေကြတယ်လို့သိရပါတယ်။
အခု အခင်းဖြစ်ပွားရာ ကို တရုတ်ဝန်ကြီးချုပ် Li Keqiang သွားနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ဖို့ အစိုးရက အဖွဲ့တဖွဲ့ကို စေလွတ်ထားတယ်လို့ ဆိုပါတယ်။

 

No comments: