ပြီးခဲ့တဲ့ သီတင်းပတ်က တောင်တရုတ်ပင်လယ် အတွင်း ပြန်ပေးဆွဲထားခဲ့တဲ့ ရေနံတင် သင်္ဘောကို ပင်လယ်ဓားပြတွေက ပြန်လွှတ်ပေးလိုက်ပြီလို့ မလေးရှားရေတပ်က ပြောပါတယ်။
M/TOrkim Harmony ဆိုတဲ့ အဲဒီ ရေနံတင် သင်္ဘောကနေ ပင်လယ်ဓားပြ
၈ ဦးဟာ အသက်ကယ်လှေနဲ့ ထွက်ပြေးသွားခဲ့ပြီးနောက် သင်္ဘောကို မလေးရှား ဆိပ်ကမ်းသို့ စောင့်ကြပ်ကာ ပြန်လည် မောင်းနှင်လာပြီလို့ ဆိုပါတယ်။
သင်္ဘောပေါ်ပါ သင်္ဘောသား ၂၂ ဦးအနက် ၁ ဦးသာ ဒဏ်ရာ အနည်းငယ် ရရှိပြီး
ကျန်တဲ့သူတွေ အားလုံး အန္တရာယ်ကင်းရှင်းစွာ ရှိတယ်လို့လည်း မလေးရှား
ရေတပ်အကြီးအကဲ Abdul Aziz Jaafar ရဲ့ Twitter မှာ ရေးသားထားပါတယ်။
အဆိုပါ သင်္ဘောဟာ ဇွန်လ ၁၁ ရက်နေ့က စင်ကာပူ ကမ်းရိုးတန်းနားမှာ ပျောက်သွားခဲ့တာဖြစ်ပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ အင်ဒိုနီးရှား ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ ပင်လယ်ဓားပြတွေကို အခုအခါ မလေးရှား ရေတပ်သင်္ဘောတွေနဲ့ လေယာဉ်တွေက လိုက်လံရှာဖွေနေတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
Orkim Harmony သင်္ဘောကို ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲ ခေါ်ဆောင်သွားပြီးတဲ့နောက် သင်္ဘောကိုM/T Kim Harmon လို့ အမည်ပြောင်း ရေးသားခဲ့ကြောင်း၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ မလေးရှား ရေတပ် စစ်သင်္ဘောက ဗီယက်နမ်ရေပြင်မှာ အဲဒီ အမည်ပြောင်းထားတဲ့ သင်္ဘောကို ရှာဖွေတွေ့ရှိခဲ့ပြီး ပင်လယ်ဓားပြတွေကို လက်နက်ချခိုင်းခဲ့ကြောင်း၊
ကြာသပတေးနေ့မှာတော့ ပင်လယ်ဓားပြတွေကM/T Orkim Hamon သင်္ဘောကို စွန့်ပစ်ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောကြားပါတယ်။

No comments:
Post a Comment