ယင်းသင်္ဘောများမှ အဖွဲ့သား ၇၇ ဦးကို ဖမ်းဆီးထားသော အခြားငါးဖမ်းသင်္ဘောနှစ်စီးသို့ လွှဲပြောင်းပေးလိုက်ပြီး လောင်စာ၊ ရိက္ခာလုံလောက်စွာဖြင့် ဗီယက်နမ်သို့ ပြန်လွှတ်ခဲ့သည်။
“ဒီသတင်းစကားက ဒီသင်္ဘောတွေရဲ့ ကပ္ပတိန်နဲ့ အဖွဲ့သားတွေဆီ ရောက်သွားပါပြီ။ ပါလောင်းက အာမခံတယ်၊ သူတို့ ဘာအကြောင်းနဲ့မှ ပြန်လာမှာ မဟုတ်ဘူး" ဟု သောကြာနေ့က ငါးဖမ်းသင်္ဘောများကို မီးရှို့ပြီးနောက် သမ္မတ တော်မီရီမင်ဂေဆောက ပြောကြားသည်။
"ကပ္ပတိန်တွေကိုတော့ တရားစွဲပြီး ထောင်ချရပါလိမ့်မယ်။ လှေတွေကိုလည်း မီးရှို့ရပါ လိမ့်မယ်။ ပါလောင်းမှာ ငါးခိုးဖမ်းလို့ကတော့ ဘာမှပြန်ရမှာ မဟုတ်ပါဘူး။ တံငါသည်တွေ ပါလောင်းကို လေးစားပါ " ဟု ၎င်းက ပြောကြားသည်။
ဗီယက်နမ်သင်္ဘောများကို အကာအကွယ် ပေးထားသည့် ဧရိယာတစ်ခုတွင် ငါးရှစ်တန်ဖြင့် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့်နှစ်ကတည်းက အာရှ၏ မှောင်ခိုဈေးကွက်ပို့မည့် ပါလောင်း၏ ရေသယံဇာတမျိုးစိတ် ၂၅ တန်ကျော်ဖြင့် ဗီယက်နမ် သင်္ဘော ၁၅ စီးကို ဖမ်းဆီးထားသည်။
ပါလောင်းသည် ပစိဖိတ် အနောက်ပိုင်းတွင် တည်ရှိပြီး ကျွန်း ၂၅၀ ကျော်တွင် ပြန့်ကျဲလျက်ရှိသော ပြည်သူ ၂၁,၀၀၀ အတွက် စီးပွားရေးမှာ ငါးဖမ်းခြင်းကိုသာ မှီခိုနေရသည်။
အေအက်ဖ်ပီ (ကိုရော်)


No comments:
Post a Comment