Saturday, June 13, 2015

Venezuelanအလံတင်ကုန်သင်္ဘောM/V VFM ALITAကိုပြန်ပေးဆွဲရန်ကြိုးစားမှုကိုနှိမ်နင်း



Venezuelanအလံတင်ကုန်သင်္ဘောM/V VFM ALITAသည် PANAMAနိုင်ငံ၏မြို့တော်မြောက်ပိုင်းမိုင်(၅၀)အကွာ၊ပနားမားတူးမြောင်း၏မြောက်အတ္တလန္တိတ်
ဝင်ပေါက်အနီးတွင်အနုကြမ်းစီးပြန်ပေးဆွဲခံနေရခြင်းသတင်းကိုဇွန်၈ရက်မနက်အစောပိုင်းတွင်ပနားမားဒေသဆိုင်ရာအာဏာပိုင်များလက်ခံရရှိခဲ့ပါသည်။
အဆိုပါသင်္ဘောပေါ်ရှိသင်္ဘောသား၂ဦး၏အဆိုအရခန့်မှန်းခြေအားဖြင့်၂နာရီခန့်အနုကြမ်းစီးသူများသည်သင်္ဘောပေါ်ကအဖိုးတန်သောအရာများကိုမွေနှောက်
ရှာဖွေခဲ့ကြသည်။
Panama’s National Air-Naval Service (SENAN)ကအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးရန်အမှတ်BPC4506ကမ်းရိုးတမ်းကင်းလှည့်မော်တော်တစီးကို
Venezuelanအလံတင်ကုန်သင်္ဘောM/V VFM ALITAဆီသို့စေလွှတ်ခဲ့သည်။ ကုန်သင်္ဘောပေါ်တွင်ကလေးအရွယ်တဦးအပါအ၀င်လူငယ်၅ဦးကို
ဖမ်းဆီးနိုင်ခဲ့သည်။
ထိုပင်လယ်ဒမြများကိုကင်းလှည့်မော်တော်ဖြင့်ဖမ်းဆီးခေါ်ဆောင်လာပြီး Christopher Columbus SENAN naval baseသို့လွဲပြောင်းပေးခဲ့သည်။
DWT-4250ရှိသောVenezuelanအလံတင်ကုန်သင်္ဘောM/V VFM ALITAသည်၁၉၈၆ကတည်ဆောင်ပြီး Venezuelaအခြေစိုက် Feeder Maritimeကပိုင်ဆိုင်
သည်။လွန်ခဲ့သောတနှစ်ကတည်းကဖျက်သိမ်းရန်ဆိုင်းငံထားခြင်းဖြစ်ပြီးအဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီး
ဖျက်သိမ်းမှုကိုစတင်ဆောင်ရွက်ခဲ့သည်ဟုသိရပါသည်။


No comments: