Wednesday, July 22, 2015

တစ်ပတ်အတွင်း ITFလှုပ်ရှားမှုများ









ပြီးခဲ့သောရက်သတ္တပတ်အတွင်းITFနှင့်ရေကြောင်းသမဂ္ဂများအနေနဲ့သင်္ဘောသားများ၏
အလုပ်အကိုင်အခြေအနေ၊နေထိုင်မှုအဆင့်အတန်းများနှင့်အပြည်ပြည်ဆိုင်ရာရေကြောင်း
ဥပဒေအောက်ရှိသင်္ဘောသားများ၏အခွင့်အရေးများ၊နှင့်သက်ဆိုင်သောအခန်းကဏ္ဍများ
ကျယ်ပြန့်လာအောင်ထောက်ပံ့လုပ်ဆောင်မှုများအတူတကွပူးပေါင်းပြုလုပ်ခဲ့ကြသည်။
၎င်းလှုပ်ရှားမှုများကိုဇူလိုင်၆ရက်မှ၁၀ရက်အထိJapan, Russia's Far East, South Korea and Taiwan
တို့တွင်ပြုလုပ်ခဲ့သည်။






ဂျပန်စစ်ဆေးရေးအသင်းအဖွဲ့များသည်သင်္ဘော၈၉စီးပေါ်သို့သွားရောက်ပြီးမတော်တဆမှုများတွင်
ဘေးအန္တရာယ်ကင်းရှင်းစေရန်မှားယွင်းမှုများကိုဆွေးနွေးတင်ပြပြီးသင်္ဘော၎စီးပေါ်ရှိလစာမရသော
သင်္ဘောသားများ၏အရေးကိစ္စကို၊၄င်းတို့၏လစာများပြန်လည်ရရှိအောင်ကြိုးစားပြုမူလုပ်ဆောင်ခဲ့သည်။


ထိုနောက်ဂျပန်အလုပ်သမားသမဂ္ဂသည်shipping company Kotoku Kaiun Co Ltdကို
Companyပိုင်သင်္ဘောများပေါ်သို့ITFနှင့်အခြားစစ်ဆေးရေးအသင်းအဖွဲ့များတက်ရောက်စစ်ဆေးခွင့်ပြုရန်နှင့်
အဖွဲ့အစည်းများ၊သမဂ္ဂများကိုရန်လိုမုန်းတီးဆန့်ကျင်မှုများမပြုလုပ်ရန်
shipping company Kotoku Kaiun Co Ltd၏ရုံးအပြင်ဘက်တွင်စုစည်းဆန္ဒပြခဲ့ကြသည်။
တောင်ကိုရီးယားတွင် ITF inspectorများသည်သင်္ဘော၁၁စီးပေါ်သွားရောက်ပြီးအချိန်ပိုလုပ်အားခရလိုမှု့
ကိစ္စ၊ Russianပိုင်, Cambodiaအလံတင်သင်္ဘောပေါ်ကသင်္ဘောသားများ၏လစာနှောင့်နှေးသောကိစ္စနှင့်
စာချုပ်ပြည့်သင်္ဘောသားများအိမ်ပြန်နိုင်ရေးကိစ္စများကူညီဖြေရှင်းလုပ်ဆောင်ပေးခဲ့သည်။
ITF's Vladivostok-based inspector Petr Osichanskyသည်သင်္ဘော၁၈စီးကိုသွားရောက်စစ်ဆေးရာ
ITFနှင့်သဘောတူညီချက်အတိုင်းသင်္ဘောသားအခွင့်အရေးရရှိသောသင်္ဘော၃စီးသာတွေ့ရှိခဲ့သည်။
ရုရှားသင်္ဘောသားများ၏လစာသည်သူတို့နိုင်ငံသုံးငွေကျဆင်းသကဲ့သို့လျော့နဲနေသည်။
Maritime Labour Convention 2006 (MLC)ကသင်္ဘောသားများရပိုင်ခွင့်များကိုပြန်လည်ရရှိ
စေမည်မှာအသေအချာပင်ဖြစ်သည်။
တပတ်အတွင်းလုပ်ဆောင်နိုင်ခဲ့သောနောက်ဆုံးရလာဒ်သည် Black Sea၀န်းကျင်၆နိုင်ငံရှိ
သင်္ဘောအစီး၂၀၅၊ဆိပ်ကမ်း၂၉ခုရှိသင်္ဘောသားပေါင်း၃၁၁၀ကျော်နှင့်တွေ့ဆုံစစ်ဆေးဆွေးနွေးနိုင်ခဲ့သည်။
Inspection teamများသည်သင်္ဘောသားများအတွက်အတည်ပြုချမှတ်ထားသောသဘောတူညီချက်များကို
မလိုက်နာသောသင်္ဘောများကိုသတိပေးချက်များထုတ်ပြန်ခဲ့ပြီးရာပေါင်းများစွာသောသင်္ဘောသားများကိုလည်း
ITFနှင့် maritime unions၏မူဝါဒလမ်းစဉ်များ၊လုပ်ဆောင်ချက်များနှင့်သင်္ဘောသားများ၏အခွင့်အရေးများကို
နားလည်သဘောပေါက်စေရန်ရှင်းလင်းအသိပေးနိုင်ခဲ့သည်။
ရိုးမေနီးယားနိုင်ငံအတွင်းInspection teamများသွားရောက်စစ်ဆေးရာဥပမာအားဖြင့်ဆိပ်ကမ်း၃ခုတွင်
သင်္ဘော၄၅စီးတွင်၃၂စီးခန့်ကMaritime Labour Convention 2006 (MLC)အရသင်္ဘောသားများရပိုင်ခွင့်များကို
လက်ခံကျင့်ဆောင်ခြင်းမရှိသည်ကိုတွေ့ရသည်။
ထိုအတူTurkey, Hereke တွင် Palau-flagged သင်္ဘောတစီးသည်တွင်သင်္ဘောသားများအားလစာမပေးခြင်း
အတွက်သင်္ဘောအားITFဦးဆောင်ဖမ်းဆီးနိုင်ခဲံ့သည်။သင်္ဘောသားများရရန်ရှိသောလစာငွေပမာဏမှာ
USD200,000ကျော်ဖြစ်သည်။
Tuzla, တွင် Belize-flaggedသင်္ဘောတစီးတွင်လည်းသင်္ဘောသားများအား၃လကျော်တိုင်အောင်လစာငွေ
မရှင်းပေးသောပြသာနာကိုInspection teamကကူညီဖြေရှင်းပေးခဲ့ပြီးယင်းသင်္ဘောသားများနေရပ်ပြန်ရေး
အတွက်ပါဖြေရှင်းပေးခဲ့သည်။လစာမရသောသင်္ဘောသားအများစုမှာရုရှားလူမျိုးများဖြစ်သည်။
ထိုပြင်အနှစ်၃၀အထက်သင်္ဘောများ Black Sea၏အချို့သောဆိပ်ကမ်းများတွင်တွေ့ရခြင်းနှင့်
ယင်းရှေးကျသောသင်္ဘောများအသုံးပြုနေခြင်းကိုဆန့်ကျင်ကန့်ကွက်သောအားဖြင့်
"sea of shame"ဟုခေါ်ရန်တိုက်တွန်းနိုးဆော်ခဲ့သည်။






ITF inspector Adrian Mihalcioiu, Romania၏အဆိုအရ တစ်ပတ်အတွင်း ITFလှုပ်ရှားမှုသည်
သင်္ဘောပိုင်ရှင်များနှင့်အာဏာပိုင်အဖွဲ့အစည်းများကိုအာရုံစူးစိုက်လာစေရုံသာမက သင်္ဘောများပေါ်ကအလုပ်လုပ်ကိုင်နေသော
သင်္ဘောသားများ၏အခြေအနေအဆင့်အတန်းကို mediaများနှင့်ပြည်သူအများစု၏စိတ်ဝင်စားမှုကိုပါရရှိခဲ့ခြင်းသည်
အောင်မြင်မှုတရပ်ဖြစ်သည်ဟုသိရသည်။




No comments: